(20)

16K 1.4K 323
                                    

Zawgyi 🌴

အချစ်'တဲ့။ စာရွက်ပေါ်ကိုချရေးလိုက်တော၂လုံးထဲရယ်။
တစ်ကယ့်လက်တွေ့မှာဒီလောက်ခါးသပ်မှန်းအခုမှ
နားလည်တတ်ခဲ့ခြင်း။

ကိုယ့်ဘဝထဲသူစရောက်လာတဲ့အချိန်ကစလို့
အရာရာအားလုံးကို စိတ်ကြိုက် ခြယ်လှယ်နေခဲ့တာ။

မောင်.... အသက်တစ်ခါရှူလိုက်တိုင်း..
တမ်းတမိတဲ့ နာမ်စားလေးက မောင်တဲ့။

ဟုတ်တယ်။ သူက ကိုယ့်ရဲ့အရာရာပဲ။ ဘယ်ကတည်းကလဲဆိုတော့ ချစ်တယ်လို့ သူပြောလာကတည်းကပဲ။

နီကျင်ကျင်မီးမှိန်မှိန်လေးအောက်မှာထိုင်နေတဲ့သူက
အရှေ့မှာအသင့်ချထားတဲ့ဝိုင်တွေကိုသောက်ဖို့အတွက်
မဝံ့မရဲဖြစ်နေလေတယ်။ ခနအကြာ ဖျတ်ခနဲကြည့်လာတဲ့
မျက်ဝန်းတစ်စုံကြောင့်သူ့မှာအားတင်းပြီးခါးသပ်သပ်အရည်
တွေကိုမြိုချလိုက်ရတယ်။

မသောက်ဖူးတာကြောင့်သိပ်အဆင်မပြေလှပါ။ တစ်ခွက်ထဲနဲ့တင်ခေါင်းကချာချာလည်နေပြီဖြစ်သည်။
သို့ပေမယ့် မတတ်နိုင်။ သူ့ရှေ့မှာသန်မာပြရန်ဒါတွေကို
အောင့်အီးကာသောက်ရပေဦးမည်။

(အရင်ကအကြောင်းတွေနဲ့အခုကိစ္စတွေကိုအလှည့်ကျစီ
ပြန်ပြောနေတာပါနော် နားလည်ပေးကြပါ) 😁

များမကြာမီ အနားကိုရောက်လာတဲ့ချာတိတ်တစ်သိုက်ကြောင့်
သူ့မျက်လုံးတွေကျဉ်းမြောင်းသွားသည်။sexဆန်ဆန်
အဝတ်တစ်စုံကိုရွေးဝတ်ထားမှတော့စော်တွေသာမက၊
ဘဲတွေပါကြည်တာဖြစ်သင့်သည်။သို့ရာတွင်စိတ်ကိုဒုံးဒုံးချကာ
ချာတိတ်တစ်သိုက်နဲ့ပျော်ပျော်ပါးပါးဝိုင်သောက်ဖြစ်ကြတယ်။

သူ့အကြည့်တွေ ပိုခတ်ထန်လာသည်။ နားထဲတွင်
မပီပြင်ဝိုးတဝါး တောက်ခေါက်သံကိုကြားလိုက်ရပါသည်။
သူစိတ်တိုနေတာလား၊ ဒါမှမဟုတ် သဝန်တိုနေတာလား။
မဖြစ်နိုင်၊ သူနဲ့လမ်းခွဲထားတာ၂ရက်လောက်ရှိပြီဖြစ်သည်။
ဒီ၂ရက်အတွင်းသူ့ဘက်ကလဲမဆက်သွယ်သလိုကိုယ်ဟာလဲ
သူ့ကိုအရင်ဆုံးမဆက်သွယ်ခဲ့။

အခုကြည့်တော့လဲလမ်းခွဲစကားပြောခဲ့တဲ့သူမှဟုတ်ပါ့မလား။
သူ့အကြည့်တွေက ကိုယ့်အစာကိုတစ်ခြားတစ်ယောက်က
လာလုလို့ကြည့်နေတဲ့အတိုင်း။ ပြီးတာနဲ့သူ့လုပ်ဖော်
ကိုင်ဘက်တွေနဲ့စကားပြောပြီးကိုယ်ရှိရာဦးတည်လာသည်။
ကောင်းသောလာခြင်းတော့ဟုတ်မည်မထင်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now