Zawgyi 🌴
ဗွမ်း..
စိုထိုင်းထိုင်းဆင်းသက်လာသောရေများကြောင့် yibo
ကုတင်ပေါ်ကနေ ဆတ်ခနဲထထိုင်လိုက်သည်။ နောက်ဆုံး
ဘာဖြစ်ခဲ့ပြီး ဘယ်ရောက်နေသလဲဆိုတာကိုသိရအောင်
ဦးနှောက်ကိုတီးခေါက်နေတုန်းခနဲ့တဲ့တဲ့မြင်ရသည့်
မျက်နှာလေးကြောင့်မျက်လုံးများဝိုင်းလာ၏။"မင်းအိပ်နေတာကြာပြီဖြစ်လို့ ငါနှိုးလိုက်တာ "
"ဒါဘယ်နေရာလဲ ငါ့ကိုအခုလွှတ်ပေးစမ်း"
တစ်ပြိုင်တည်းတစ်ချွမ်ချွမ်မြည်နေသောသံကြိုးတွေက
ထပ်၍အချင်းချင်းရိုက်ခတ်နေကြသည်။ ရွှယ်ယမ် သူ့ကို
ပြီတီတီနဲ့ကြည့်ရင်း။"မရုန်းနဲ့.. မင်းနာကျင်လိမ့်မယ်"
"မင်းဘာဖြစ်ချင်နေတာလဲ ပြောစမ်း!!
ဟိန်းခနဲထွက်ပေါ်လာသောသူ့အသံကြောင့် ရွှယ်ယမ်မှာ
တဟင်းဟင်းရယ်ရင်းအနားကိုကပ်လာသည်။"ဘာမှမဖြစ်ချင်ပါဘူး မင်းကိုအသေပဲသတ်ချင်နေတာ"
"တောက်.. ငါ့ကိုအခုချက်ချင်းလွှတ်စမ်း မင်း တော်တော်
သတ္တိကြောင်တဲ့ကောင် ရိုးရိုးသားသားသားမပြိုင်ရဲဘူးလား"ရွှယ်ယမ်မျက်နှာပျက်ယွင်းသွားသော်လဲ ချက်ချင်းပြန်ပြီး
ထိန်းသိမ်းလိုက်သည်။"ရွှယ်ယမ်. '
အနောက်ကပန်ရဲ့ခေါ်သံကြောင့်နှုတ်ခမ်းတစ်ချက်ကိုမဲ့ပြီး
သူ့အစီအတွက် မျက်လုံးတွေဘလင်းဘလင်း
ဖြစ်လာရတယ်။ သို့ရာတွင်ခါးကြားက ဖုန်းကိုထုတ်ယူကာ
Videoရိုက်ရန်ချိန်ရွယ်လိုက်သည်။"ရွှယ်ယမ် မင်းဘာလုပ်တာလဲ?
Yiboအလန့်တကြားအော်သည်ကိုပင်ဂရုမစိုက်၊
အနောက်မှာရပ်နေတဲ့ ပန်ကိုလှည့်ကြည့်ပြီး။"နင်သူ့ကုတင်ပေါ်တက်လိုက်စမ်း ပန် "
ပန်လဲလန့်ဖျပ်သွားကာမျက်လုံးအစုံဝိုင်းစက်လာရသည်။
ရွှယ်ယမ်ဘာလုပ်ဖို့ကြံစည်နေတာလဲ။ မဟုတ်မှလွဲရော
Yiboနဲ့အတူတူ.... ---။မဟုတ်တဲ့အတွေးတွေ တွေးမိနေခြင်းကြောင့် ချက်ချင်း
ခေါင်းကိုဘယ်ညာခါရမ်းလေ၏။
YOU ARE READING
မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)Completed
FanfictionZawgyi 🍁 Unicode ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤