(9)

12K 1.1K 259
                                    

Zawgyi🌴

အမှောင်ထုသာကြီးဆိုးနေတဲ့ ဒီနေရာလေး။
တစ်ယောက်နဲ့တစ်ယောက်ဘာစကားမှမပြောဖြစ်ကြ။
ကြယ်တွေတစ်စင်းပြီးတစ်စင်းတစ်လတ်လတ်နဲ့အရောင်တွေ
တောက်နေသော်လည်းထိုလူသား၂ဦးမှာတော့ရင်ထဲမှာ
ကိုယ်စီအပူတွေနဲ့။

ရှင်းပြဖို့ကြိုးစားနေတဲ့သူနဲ့၊ ရှင်းပြတာကို လက်မခံတဲ့သူ။
အပူတွေကိုယ်စီကိုယ်ငှရှိသော်လဲ ဘယ်သူက ပိုပူနေမယ်ထင်လဲ။

"မောင်.. သူနဲ့ကိုကိုက ဘာမှမပတ်သတ်ပါဘူး"

စကားစပြောလိုက်ပေမယ့်တစ်ကယ်တမ်းပြန်ရသည်က
Yiboရဲ့ခပ်လှောင်လှောင်အပြုံးတစ်ခုသာ။

"အော်.. ဘာမှမပတ်သတ်တာတောင်
လူကြားထဲ လက်ချင်းချိတ် ကိုကိုဆိုပြီး
ခေါ်ရဲတယ်နော်"

ထိုကဲ့သို့တန်ပြန်လာသည့်စကားကြောင့်ရှောင်ကျန့်ဘယ်လို
လုပ်ရမှန်းမသိ။ယခုချိန်မှာသူ့ကိုကျောခိုင်းထားတဲ့yiboက
သူ့မျက်နှာပေါ်ကပူစွေးဝမ်းနည်းမှုတွေကိုဘယ်မြင်မှာလဲ။

"ကိုကိုတို့ တစ်ကယ်ဘာမှမပတ်သတ်ပါဘူး
မောင်.. မယုံဘူးဆိုရင်....... "

ရှောင်ကျန့် ပြုံးရင်း yiboရဲ့ပါးလေးကို
ရွှတ်ခနဲ့ နစ်ဝင်သွားအောင် အနမ်းပေးလိုက်တယ်။

"ပြန်ရအောင်..

အနမ်းပေးတာတောင်တန်ပြန်ရသည်က၊ ထိုကဲ့သို့
စကားတစ်ခွန်းပဲတဲ့။

"ပြန်မယ်လေ..."

အဲ့ဒီနောက် မောင်နဲ့အတူ ရပ်ထားသည့်
ကားလေးနားကိုသာ ချဉ်းကပ်လာခဲ့သည်။
မောင်က အခုထိ ကိုကို့ ကိုတစ်ချက်လေးတောင်
လှည့်မကြည့်ပဲ ကားပေါ်ကို တတ်သွားလေတယ်။
ကိုယ့်မှာဟန်ဆောင်ပြုံးပြီးမောင်နဲ့ဘေးချင်းကပ်လျှက်
ထိုင်ယုံမှလွဲရင်ဘာမှမတတ်သာခဲ့။ တစ်ကယ်ပဲ
ဒီလူဆိုးကောင်လေးကိုရင့်ကျက်အောင်ဘယ်လိုသင်ပြပေးရမှာလဲ။

---------------

အိမ်ကို ပြန်ရောက်တော့ ကားကိုကျွီခနဲ့ ထိုးကာ
ရပ်ပြစ်လိုက်တယ်။ အဲ့အခါ သီချင်းတွေဖွင့်
နားကြပ်နဲ့ နားထောင်နေတဲ့ yiboက တပ်ထားတဲ့
နားကြပ်တွေကို ဆွဲဖြုတ်ကာ အရင်ဆင်းသွားတယ်။
ထင်တောင်မထင်ထားဘူး မောင်က ကားတံခါးကို
ဖွင့်ပီး ကိုကို့ရဲ့ခန္ဓာကိုယ်လေးကို လေပေါ်
မြှောက်နေအောင် ပွေ့ချီပီး အခန်းထဲထိခေါ်လာမယ်ဆိုတာ။
သူလည်းပဲလန့်ဖြန့်ပြီးyiboရဲ့လည်တိုင်လေးကိုလက်နဲ့တွယ်ဖက်ထားခဲ့တယ်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now