(38)

13.9K 1K 121
                                    

Zawgyi 🌴

"ခင်ဗျားမောင့်ကိုချစ်ရင်! ဆိုတဲ့စကားအနောက်မှာ
အတ္တတွေ ကပ်ပါလာသည်မို့ မောင်ဘာပြောချင်နေသလဲ
သိတဲ့ကိုယ်ကပဲ အခုဆိုရင်ရှန်ဟိုင်းမပြန်ဖြစ်တာ ၁လပင်
ကျော်ပြီဖြစ်သည်။ တစ်ခါတစ်လေ ရှန်ဟိုင်းကနေ
မမယွီလွီဖုန်းဆက်လာတာလဲ သူကသိပ်မကြိုက်ချင်။

မဟုတ်ရင်တောင် သူ့ကိုထားခဲ့ပြီးသွားဖို့ကို လုံးဝ
စိတ်ကူးမထား။ ဒီနေ့ ဖွားဖွားကြီးဆုံးတာ ၁၀နှစ်ပြည့်မို့
ရှန်ဟိုင်းကမိဘမဲ့ဂေဟာတွေကိုအလှူအတန်းလုပ်ရန်
မမယွီလွီကိုပြောရသည်။ ဒါကို ခပ်တင်းတငအနောက်ကနေ
ဆွဲဖက်လို့ လည်ပင်းသားတွေကို တရှုံ့ရှုံ့နမ်းလာလေရဲ့။

"မောင်.. ဘယ်လိုဖြစ်နေတာလဲ ငြိမ်ငြိမ်ကိုမနေဘူး"

ဖုန်းကိုတိခနဲချပြီးမှအနောက်က သူ့ကိုလှည့်၍ ဆူလေတော့
သူ့မူအတိုင်းနှုတ်ခမ်းကို Autoဆူလျှက်သား။

"ခင်ဗျား မောင့်ကိုထားခဲ့ပြီး မသွားပါနဲ့ ဟုတ်ပြီလား"

တောင်းဆိုတယ်ထင်ရသော်လဲ အသံကအနည်းငယ်မာထန်၍
အမိန့်သံပေါက်နေသည်။

"စိတ်ချ.. မင်းကိုထားခဲ့ပြီး ကိုယ်ဘယ်မှမရွေ့ဘူး
သက်တမ်းရှိသလောက် မင်းအနားမှာပဲနေမယ်
မင်းကိုချစ်ရင်းနဲ့ ကိုယ့်အချိန်တွေကို ကုန်ဆုံးမယ်"

ထို့နောက် သူ့ရဲ့ဆွဲဖက်ခြင်းခံလိုက်ရသည်။ ဆောင်းအကုန်
နွေကာလမို့ တောင်အရပ်ကနေ တိုးဝေ့လာတဲ့လေတွေနဲ့
အပြိုင်သစ်ရွက်ကလေးများက အိမ်ထဲရှိကြမ်းခင်းပေါ်ကို
ကြွေလာ၏။

"မောင်တို့ ရေအတူချိုးကြမလား"

"အင်း.. အတူချိုးကြမယ် "

"ဒါဆို ခင်ဗျား အဝတ်တွေချွတ်ထားနှင့်တော့
မောင် သွားပြီးပြင်ထားလိုက်မယ်"

အင်းတစ်လုံးသာပြန်ဖြေ၍ ထွက်ခွာသွားတဲ့ကျောပြင်ငယ်ကို
ကြည့်ကာပြုံးရပြန်၏။ ပြန်အဆင်ပြေသွားကြကတည်းက
ကိုယ့်ရဲ့အရာအားလုံးကို သူပဲလုပ်ကိုင်ပေးခြင်းကြောင့်
ကျေနပ်ပါ၏။

"ကိုကို..အဝတ်ချွတ်ပြီးရင်ဆင်းခဲ့တော့"

ခါးပေါ်တွင် ဘောင်းဘီဒူးတိလေးတစ်ထည်သာ ကပ်၍
သူ့အနားကိုအမြန်သွားရသည်။ မကြာခင်ကအနည်းငယ်
တိုးထွက်နေသောသူ့နှုတ်ခမ်းမွှေးတွေကိုရိတ်သင်ရှင်းလင်း
ထားခြင်းကြောင့်သူက သိပ်ကြည့်ကောင်းသည်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now