(34)

13.8K 1.2K 225
                                    

Zawgyi 🌴

မတွေ့ရတာ တစ်ပတ်ပြည့်တော့မည်ဖြစ်တာကြောင့်
ပုန်းနေတဲ့ကောင်လေးကို ကိုယ်ကပဲအရင်ဆုံးလာတွေ့ရန်
ဆုံးဖြတ်လိုက်တော့တယ်။အိမ်ရှေ့ကိုရောက်သည်မို့
အခြေနေကိုအကဲခတ်ပါသော်လဲအိမ်ကြီးတစ်ခုလုံး
တိတ်ဆိတ်နေ၏။

"ဒါဘယ်လိုအခြေနေကြီးလဲ"

ကားထဲကနေ အမြန်ဆင်းကာ သေချာအကဲခတ်မှပဲ
ခြံတံခါးသော့ခတ်ထားမှန်းသိတယ်။ ဒီကောင်လေး
ဘယ်တွေလျှောက်သွားနေတာလဲ။

"ဘာကိစ္စရှိလို့လဲ"

စေ့စေ့ကြည့်ကာမေးလာသော လူရွယ်တစ်ယောက်ကြောင့်
သိချင်စိတ်တွေပြင်းပျ၍။

"ဒီအိမ်ကလူဘယ်သွားလဲဟင် ကျွန်တော်သူ့မိတ်ဆွေပါ"

"အာ..မင်းမသိဘူးလား လွန်ခဲ့တဲ့၃ရက်ကတည်းက
ဒီအိမ်ကြီးက ရောင်းထွက်သွားတာလေ ကျွန်တော်က
ဒီအိမ်နဲ့ ၂အိမ်ကျော်လောက်မှနေလို့ သိရတာ "

"ဘယ်လို...ရောင်းလိုက်ပြီ ဟုတ်လား"

"အင်း အမှန်ပဲ"

ခါးသပ်စွာ ကြားလိုက်ရတဲ့သတင်းကြောင့် လူက
ခြေမခိုင်ချင်တော့။ နောက်ဆုံးတော့ မောင်ငါ့ဘဝထဲက
တစ်ကယ်ထွက်သွားခဲ့ပြီပဲ။

ပြတ်တောက်သွားတဲ့ စွန်လေးက လက်ကမ်းမှီဖို့
ခက်လိုက်တာ။ အဲ့သလောက်ထိ မုန်းနေတာတဲ့လား။

တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာသော်လဲ အရှောင်အတိမ်း
တော်လွန်းတဲ့ မောင့်သတင်းတွေ ဘာဆိုဘာမှမရခဲ့။
မောင် ဒီတရုတ်ပြည်ကြီးကနေ အပြီးပိုင်များ
ထွက်သွားလေတာလား။ မဖြစ်နိုင် ၊ စည်းချက်ညီသော
ရင်ခုန်သံတို့က မောင်အဝေးကြီးမှာမဟုတ်မှန်း
သက်သေပြနေသယောင်။

မင်းတစ်ကယ် ဘယ်များရောက်နေတာလဲကွာ။

Phone Screenပေါ်ကိုတစ်ချက်ကြည့်ပြီး
လှစ်ခနဲပြုံးမိသေးတယ်၊ မောင်ဘက်က အတိအလင်း
စိတ်ကောက်သွားပုံပဲ။

"ကျန့်.. ကိုယ်ဝင်လာလို့ရမလား"

လောင်ကျန်းဖေးအသံကြောင့်ကျလက်စမျက်ရည်များကို
ခိုးသုတ်လိုက်သည်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedOnde as histórias ganham vida. Descobre agora