Zawgyi 🌴
ဘာလိုလိုနဲ့ ဘန်ကောက်ကို ရောက်နေတာ
၁ရက်ပြည့်ခဲ့ပီ အားရင် အားသလို အချိန်ပေးပီး
မောင့်ရဲ့မာဖလာလေးကို ကိုယ်တိုင် လုပ်ရင်း
ပြုံးဖို့လဲ မမေ့ခဲ့ဘူး။အခန်းရှေ့က ဘဲလ်မြည်သံကြောင့် လုပ်လက်စ..
မာဖလာလေးကို ပြန်ချထားကာ တံခါးသွားပီး
ဖွင့်ပေးလိုက်တယ်။"boss ..
"အစ်ကို ပေပေး ဘာကိစ္စရှိလို့လဲ"
"ကိစ္စမဟုတ်ပါဘူးဗျ..bossအတွက်breakfast, ကို
ဘာစီစဉ်ပေးရမလဲ လာမေးတာပါ""ဒါများ အစ်ကိုရယ်..အစာသွပ်မုန့်တစ်ခုခုဆိုလဲ
ကျွန်တော်အစဉ်ပြေပါတယ်ဗျ"ထိုင်းဘာသာစကားနဲ့ပြောလိုက်တော့အစ်ကိုပေပေးကပြုံးပြီး
ပြန်ထွက်သွားသည်။ခနကြာတော့ထမင်းလိပ်နဲ့အတူတစ်ခြား
အစာသွပ်မုန့်မျိုးစုံကိုလာပို့လေ၏။သို့ရာတွင်လုပ်လက်စ
မာဖလာလေးကိုပြန်လုပ်ရင်းမုန့်စားရင်းနဲ့အတိတ်ကာလဆီကို
ထပ်ဖန်ရောက်ရှိခဲ့ပြန်၏။အဲ့ဒီနေ့ကရှောင်ကျန့်၏ရင်ခုန်သံအစပျိုးတာ၁လတင်းတင်း
ပြည့်တဲ့နေ့။ ပြက္ခဒိန်ပေါ်ကိုသူကိုယ်တိုင်ရေးခြစ်ပြီး
သေချာမှတ်ထားခဲ့တာ။"boss မေ့နေတာလား ဒီနေ့ အန်းမိန်းကလေးနဲ့
သွားတွေ့ရမှာလေ"ကျဲကLaptopလေးနဲ့အလုပ်ရှုပ်ရင်းပြောလာတာကြောင့်
သက်ပျင်းတစ်ချက်ချလိုက်သည်။ဒီနေ့ကြင်ဘက်တွေ့ဖို့
Dateလုပ်ရမည့်ပထမဆုံးနေ့လေး။အသက်အရွယ်က
မငယ်တော့တာကြောင့်အနည်းဆုံးတော့တွေ့ကြည့်ရမယ်လို့
ဆုံးဖြတ်လိုက်တယ်။"ကျွန်တော် အခုသွားမလို့ပါပဲ"
"bossမေ့နေတာလားလို့..ဒါဆို ကျွန်မလဲလိုက်ခဲ့မယ်"
"ဟုတ်!!
ကွန်ပျူတာကိုပိတ်ရင်းလုပ်လက်စအလုပ်တွေအားလုံးကိုပါ
ပစ်ထားခဲ့လိုက်ရတယ်။သိပ်နာမည်မကြီးတဲ့စားသောက်ဆိုင်
လေးရဲ့ရှေ့မှာကားကိုရပ်လိုက်ပြီးအင်္ကျီတစ်ချက်ဆွဲချကာ
ဆိုင်ထဲကိုဝင်သွားလိုက်တယ်။"အန်းအန်းမိန်းကလေး...ကျွန်တော်ခနထိုင်မယ်နော်"
ဓာတ်ပုံထဲမှာမြင်ဖူးသူမို့သိပ်မရှာလိုက်ရပါ။ထိုအခါအန်းမိန်းကလေးကပြူးကြောင်ကြောင်ကြည့်ပြီးမှ
ခေါင်းညိမ့်ပြသည်။
ΔΙΑΒΑΖΕΙΣ
မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)Completed
FanfictionZawgyi 🍁 Unicode ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤