Zawgyi ❣️
တောင်တန်းလေးကမညီမညာ မက်ဆောင့်နေသည်။
မှတ်မှတ်ရရ ဒီကိုရောက်နေတာ ၁နှစ်ကျော်သွားခဲ့ပြီ။
ကလေးတွေနဲ့အပြိုင် စွန်လွှတ်နေသည့်အချိန် ကိုယ်တိုင်တောင် ကလေးပြန်ဖြစ်သွားသလို။"ကိုကို!
အနောက်မှာထွက်ပေါ်လာတဲ့အသံနဲ့အတူ ရစ်သိုင်းလာတဲ့
လက်တစ်စုံကြောင့်။"ဘာလဲ မောင် ပြောစရာစကားရှိလို့လား"
"မောင် ကိုကို့ကို လွမ်းသလိုခံစားရလို့ လိုက်လာတာ"
ဒီမလာခင်တုန်းက ကိုကိုသွားပါ မောင်ပဲ ညစာပြင်လိုက်
မယ်ဆိုပြီး ပြောလာသူက ဒီစကားပြောလာ၍
မယုံကြည်နိုင်အနောက်ကိုချာခနဲလှည့်ကြည့်သည်။"ဒါဆို ညစာကော ဘယ်လိုဖြစ်သွားပြီလဲ မောင်!
ထိုတော့ မောင်က သွားဖွေးဖွေးတွေကို ပေါ်လာသည်အထိ
ပြုံးပြသည်။ ဒီအပြုံးကို ကြည့်ခြင်းအားဖြင့်
မျက်နှာချိုသွေးတာဖြစ်မှန်း တန်းသိပါ၏။"စိတ်ချပါ ကိုကိုရာ ညစာ မောင်တို့မငတ်ပါဘူး!
"အဲ့ဒီတော့"
"ဟဲဟဲ နှစ်ဟောင်းကုန်ပြီလေ ကိုကိုရာ နှစ်သစ်ကို
ကြိုဆိုရတော့မယ်လေ အဲ့ဒါကြောင့် ဒီည အားလုံးက
ပျော်ပွဲရွှင်ပွဲ နဲ့ မီးပုံပွဲလုပ်ကြမှာ ""အော့ဟော မင်းပြောတာက အဲ့ဒီတော့မှ ငါက
စားရမယ်ပေါ့"မျက်နှာကိုအတတ်နိုင်ဆုံးတင်းကာမေးလိုက်တော့
ထိုအရိုင်းတုံးလေးက။"စိတ်မဆိုးပါနဲ့ဗျာ မောင် ကိုကို့ကို စိတ်မချလို့
လိုက်လာရတာ "ပြောရင်း တင်းကျပ်စွာဖက်လာသူကို မျက်မှောင်ကြီး
ကျုံ့ကာကြည့်နေလိုက်သည်။ အဲ့ဒီသနားစရာမျက်ဝန်း
လေးကြောင့် ကိုယ့်မှာဘယ်စိတ်နဲ့ စိတ်တင်းနိုင်ပါ့မလဲ။"မောင်က ကိုကို့ကိုလွမ်းလို့လိုက်လာတာကို ၊ ကိုကိုကဆူတယ်"
"မင်းဒီနေ့ ကိုယ့်အနားကိုဘာကြောင့် ကပ်နေတာလဲ
ထူးဆန်းလိုက်တာ "
YOU ARE READING
မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)Completed
FanfictionZawgyi 🍁 Unicode ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤