(1)

68.2K 2.1K 72
                                    

Zawgyi 💓

Ring 📱

"ဖုန်းလာနေတယ် လီလီ ခဏလေးနော်"

ဖုန်းကိုချက်ချင်းကောက်ကိုင်ပြီး ထရပ်လိုက်သူကြောင့်
လီလီအောက်နှုတ်ခမ်းလေးကိုက်ထားလိုက်မိသည်..။
စိပ်ပြီးသား ပန်းသီးတစ်ချို့ကိုခက်ရင်းနဲ့ ထိုးဆွရင်း
တစ်ဖြည်းဖြည်းဒေါသတို့က ဆောင့်တက်လာလျက်..။

"hello ကိုကို"

"မောင်.. မင်းအခုအိမ်ပြန်လာခဲ့ "

ဖုန်းထဲကနေ ခပ်စူးစူးအော်သံကြောင့်ဝမ်ရိပေါ် ချက်ခြင်း
ဖုန်းကိုနားနားကနေ ခွာလိုက်ရတယ်။ ကိုကို့အသံက
တစ်မျိုးပဲ ဒါက ဒေါသထွက်နေတဲ့ပုံစံလိုမျိုး။ ဘာမှ
မကြောက်တတ်တဲ့သူက ကိုကို့ရဲ့ဒေါသကိုတော့ သိပ်ပြီး
ကြောက်ရတယ်။

"ဟီးဟီး.. ကိုကို ဘာတွေစိတ်တိုနေတာလဲ"

"ကိုကို စကားကို၂ခါမပြောဘူးနော် "

အပြုံးနုနုတို့က မျက်နှာထက်ကနေ ချက်ချင်းပျောက်ကွယ်လို့
ဝမ်ရိပေါ် ရုပ်တည်ကြီးဖြစ်လို့

"ဘာဖြစ်လို့လဲ ကိုကိုရဲ့"

"မေးခွန်းတွေ အရမ်းများတယ် မောင်ရာ
ဒီနေ့ ဘာနေ့လဲဆိုတာတောင် မင်းမေ့နေတယ်မလား"

"ဒီနေ့ Sunday လေ ကိုကိုရဲ့ ဟက်ဟက်
အဲ့ဒါ ဘာများထူးဆန်းလို့လဲ.."

တစ်ဖက်မှာရှိတဲ့၊ရှောင်းကျန့်ကတော့၊အံကိုသာကြိတ်ရင်း။

"ဒီနေ့ မောင်နဲ့ ကိုကိုရဲ့ အကြင်လင်လင်မြောက်တာတစ်နှစ်ပြည့်လေ မောင် ဒါတောင်မမှတ်မိဘူး မောင်မှာလေ တစ်နေ့တစ်နေ့ ပွေမယ် ရှုပ်မယ်နဲ့ကိုကိုက မောင်ဘဝအတွက်အရေးမပါသလိုပဲ"

"ကျစ်.. ကိုကိုရာ မောင် အခုလာပြီနော် "

ဖုန်းကိုတိခနဲချပြီးနောက် ဆံသားတို့ကို လက်ချောင်းသွယ်တို့နဲ့ ဆော့ကစားနေလိုက်တယ်။ ဒါက
သူစိတ်ရှုပ်တိုင်းလုပ်နေကျအကျင့်တစ်ခုပဲဆိုတာ သူ့နားမှာ
တောက်တဲ့လိုကပ်နေတဲ့ လီလီက သိပြီးသား။

"ငါ ပြန်တော့မယ် လီလီ.."

အဲ့ဒါပဲကြည့်လိုက်တော့ ချစ်သူတွေဖြစ်တာ၁လလောက်ရှိနေပြီ အခုထိ လီလီကို baby သို့မဟုတ် ကလေးလို့ မခေါ်ဘူးလေသူ့ကိုလဲ ကိုကိုလို့မခေါ်ပါနဲ့တဲ့ အဲ့ဒီနာမ်စားက
သူ့အတွက် အရေးပါတဲ့ ကိုကို့ ကိုပဲခေါ်လို့ပါတဲ့ ဟက်ဟက် ရိပေါ် geနဲ့ လီလီရဲ့အခြေနေကိုသူ့ရဲ့တစ်ပင်တိုင်အိမ်ဦးနတ်ရှောင်ကျန့် ကိုယ်တိုင် သိရက်သားနဲ့ခွင့်ပြုထားတာဟက် နောက်ဆုံးထိ သဘောကောင်းနိုင်မလားဆိုတာကို စောင့်ကြည့်မယ် ရှောင်းကျန့်နင့်မှာရှိတာတွေကို ငါယူပြမယ်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now