ဇာတ်သိမ်းပိုင်း(39)ဇာတ်သိမ်းပိုင်း

23.2K 1.3K 204
                                    

Zawgyi 💞

နောက်တစ်နေ့ စောစောထ၍ ၂ယောက်လုံးရေအရင်ချိုးကာ
ဦးဖုန်းတို့ဆီကိုသွားရန်စီစဉ်ကြသည်။ Shirt ဝတ်တော့လဲ
အတူတူ၊ ကြယ်သီတပ်ပေးတော့လဲအတူတူဖြစ်၍ ဒီအတွဲက
တစ်ကယ်ပဲအများအမြင်မှာ သဲသဲနဲ့ကဲကဲဖြစ်နေတာအမှန်။
ပြီးတော့ Breakfast ကို အတူတူသုံးဆောင်ကြသည်။

"ကိုကို ခင်ဗျားပြင်ပြီးရင် သွားရအောင်လေ"

"အင်း!!

မှန်ကြီးရှေ့မှာ ခနခနရပ်ပြီးကြည့်ကာရှိုးထုတ်နေသော
သူ့ကိုကြာတော့ မောင်ကစိတ်ရှည်ဟန်မတူဘူးထင်ပါသည်။
ထို့နောက် မှန်ရှေ့ကခွာပြီး မောင့်အနားကိုအမြန်ပြေးရပါ၏။
မဟုတ်ရင် ရွှေစိတ်တော်ငြိုငြင်တော့မည်လေ။

၂ယောက်သား လက်တွဲ၍လမ်းမတစ်လျှောက်ခြေလှမ်း
အနည်းငယ်လျှောက်လာပြီးမှ ကြုံရာကားကို စီးလိုက်သည်။
ဒီဘက်တွေက လူအရောက်ပေါက်နည်းသည်မို့ Taxiမရှိ၊
တစ်ခါတစ်လေ ကံကောင်းရင်တော့ တွေ့တတ်သည်။
အခုက၂ဆ၃ဆပိုကြီးမားတဲ့ကုန်တင်ကားကြီးနဲ့လိုက်ပါရခြင်း

"ခင်ဗျားအေးနေမယ် လေစိမ်းတွေတိုက်မှာသိလို့ မောင်သေချာ အနွေးထည်ယူလာတာ ဝတ်ထား "

ခပ်နွေးနွေးကျရောက်လာသောအနွေးထည်ကြီးကိုကြည့်၍
ပြုံးလိုက်သည်။ ဟုတ်ပါတယ်၊ လမ်းတစ်လျှောက်လုံး
တဟူးဟူးတိုက်ခက်တဲ့ လေတွေက မင်းမူလျှက်။

နေ့ဘက် ၂နာရီအချိန်လောက်မှ ရှန်ဟိုင်းမြို့ကို ရောက်လာကြသည်။ တစ်နေ့လုံးကားစီးရလို့ နုန်းချိနေတဲ့
ကိုယ်ကနောက်ထပ် ကားစီးရလို့ အနည်းငယ်မျက်နှာလေး
ညှိုးလာသည်။ သို့ပေမယ့် Taxiပေါ်မှာ မောင်က
အနောက်ကနေ နှိပ်ပေးလို့သာ နေသာထိုင်သာရှိတော့တယ်။

ရှန်ဟိုင်းမြို့မှာရှိတဲ့ အိမ်တော်ကိုတောင်မဝင် အရင်ဆုံး
ဦးဖုန်းတို့ဆီကိုသွားလိုက်သည်။ ရောက်တုန်းလေး
ဒီက ကိစ္စအဝဝကို အပြီးဖြတ်ခဲ့မှဖြစ်တော့မှ။

လူတွေတရုန်းရုန်းနဲ့ မကျဉ်းမကျယ် ဒီနေလေးက
အေးဆေးသက်သာ၍ လူကြိုက်များလှသည်။ ပုံမှန်
လှုပ်ရှားရုန်းကန်နေသော ဆိုင်ဝန်ထမ်းများကလဲ အရေးကြီး
သည့်ပုံနဲ့ ခြေလှမ်းရေတွက်ချိန်ရှိပုံမရ၊ အကြော်အလှော်
ချက်ပြုတ်နေကြသော စားဖိုမှူးတွေကလဲ ဒီအချိန်ဆို
စားဖိုဆောင်ထဲမှာ ရုန်းကန်လှုပ်ရှားနေမည်ကို
ခံစားရသည်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now