(7)

12.9K 1K 147
                                    

Zawgyi 🌴

ကျယ်လွင်နေသောအခန်းထဲကိုခပ်နွေးနွေးနေရောင်ခြည်တို့ကထိုးဖောက်ဝင်ရောက်လျှက်။သို့ရာတွင်နှိုးစက်အသံက
စူးစူးဝါးဝါးထမြည်လာသည်မို့ရှောင်ကျန့်မှာအိပ်ယာပေါ်ကနေ
ဆတ်ခနဲထထိုင်ပေမယ့်yiboကတော့ခေါင်းဦးအောက်မှာ
ခေါင်းဝှက်ရင်းဆက်အိပ်နေလိုက်တယ်။

"မောင်.. ထတော့လေ.. 8နာရီကျော်နေပြီ"

ခါတိုင်းဆို6နာရီမှာ ထတတ်တဲ့ ကိုကိုက
အခုတော့ မောင့်မျက်နှာလေးကိုတစိမ့်စိမ့်
ကြည့်နေသည်က 2နာရီကျော်တောင်
ကြာသွားတဲ့အထိပါပဲ။

"အွန်း.. ဟင်း.. ကိုကို.. ကုမ္ပဏီမသွားသေးဘူးလား"

"ဒီနေ့ ကိုကို မသွားဘူး နားထားတယ် ကျဲယွီလွီက
ဒီနေ့ ကိုကိုအိမ်လာလိမ့်မယ် မောင်လဲဘယ်မှ
မသွားရဘူးနော်"

ထိုစကားအဆုံး၌yiboကအိပ်နေရာကဆတ်ခနဲထကာ
မျက်လုံးတွေဝိုင်းစက်ရင်းအံ့ဩသလိုကြည့်နေတယ်။

"ဘာဖြစ်လို့လဲ ကိုကိုရာ.. ကိုကိုအပြင်မသွားတာနဲ့
မောင်နဲ့ ဘာဆိုင်လို့လဲ"

ထိုကဲ့သို့စူးရှလွန်းတဲ့သူ့အသံကြောင့်မနက်ခင်းတေးသီတဲ့
ငှက်လေးတွေတောင်လန့်ဖြန့်ကုန်လောက်တယ်။
ရှောင်ကျန့်ခပ်ရေးရေးပြုံးကyiboနှဖူးပြင်ပေါ်မှာဖြာကျနေတဲ့
ဆံသားတို့ကိုသပ်တင်ပေးရင်း။

"မောင်.. ကောင်မလေး ရှိနေပီလား"

Yiboဘာပြန်ဖြေရမှန်းမသိ၊ ကြက်သေ သေသွားပြီးမှ
ခေါင်းလေးငုံ့သွားတယ်။ တိတ်ဆိတ်တယ်ဆိုတာ
ဝန်ခံခြင်းတစ်မျိုးပဲတဲ့။ ဒါက မှန်ကန်ကြောင်း သတ်သေပြလိုက်တဲ့သဘောလား မောင်။

ဟက်ဟက်.. နောက်ဆုံးတော့ မင်းအတွက်ရှောင်ကျန့်ဆိုတဲ့
ငတုံးကောင်ကပေးဆပ်သူကြီး၊ အနစ်နာသူကြီးဆိုတာထက်
မပိုခဲ့ဘူးလား မောင်ရာ

"ဟင့်အင်း မရှိသေးပါဘူး ကိုကို.. "

မရှိသေးဘူးဆိုတော့ ရှိလာနိုင်တယ်ဆိုတဲ့
သဘောပေါ့.. မောင် မသိဘူးနော် ဒီကိုကိုက
မောင့်ရဲ့စကားတစ်ခွန်းတောင် ဗေဒင်တွက်သလို
ချက်ချင်း တွက်ချက်ပြစ်လိုက်တာ။ အင်း မရှိသေးဘူးပေါ့
ကိုကိုယုံနိုင်သလောက်တော့သံသယကင်းစွာယုံပေးလိုက်ပါ့မယ်။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now