(24)

14.7K 1.3K 180
                                    

Zawgyi 🌴

"ဟလို.. လောင်ကျန်းဖေး နေကောင်းတယ်မလား"

ကုမ္ပဏီရောက်သည်နှင့်လောင်ကျန်းဖေးကိုတန်းတွေ့ရသည်မို့
ထင်ပါတယ်။ကိုကိုကဟန်တောင်မဆောင်ပဲကားပေါ်က
ဇွတ်အတင်းဆင်းသွားသည်။ လောင်ကျန်းဖေးလည်းပဲ
ရှောင်ကျန့်ကိုပြန်ပြုံးပြလိုက်ကာ။

"ကျန့်.. ဒီလိုဘယ်လိုလုပ်ရောက်လာတာလဲ"

မေးပြီးမှအနောက်မှာခပ်တည်တည်နဲ့ပါလာသည့်yiboကို
ကြည့်ကာနားလည်သွားဟန် အော် ဟုသာပြောမိသည်။

"ငါ yiboနဲ့ လိုက်လာတာ မင်းလဲသိတဲ့အတိုင်းပဲ
ငါကုမ္ပဏီနဲ့ဝေးနေတာ ကြာပြီလေ ဒီနေ့တော့
စိတ်လိုလက်ရ လိုက်လာလိုက်တယ်"

"အဟမ်း..!

အနားကိုကပ်လာပြီးချောင်းဟန့်သံပေးလာတာကြောင့်
ရှောင်ကျန့်မျက်မှောင်ကျုံ့သွားသည်။ ထို့နောက် ချက်ချင်း
မဲ့ပြုံး ပြုံးကာလောင်ကျန်းဖေး၏လက်ကိုချိတ်တွယ်လိုက်
သည်။

"မင်းသိလား လောင်ကျန်းဖေး ငါမင်းကိုတွေ့ချင်တာ..
ဟိုတစ်နေ့က Shopping ထွက်ထားပေမယ့်
ငါတော့ နောက်တစ်ခေါက် ထပ်သွားချင်သေးတယ်"

Yibo၊လောင်ကျန်းဖေးကို ပေါက်ထွက်မတက်ကြည့်နေ
တာကြောင့်လောင်ကျန်းဖေးခေါင်းကြိမ်းရသည်။ ဒါကိုပင်
ရှောင်ကျန့်က သူ့လက်ကိုမဖြုတ်သေး။ သူသာဒီအတိုင်း
ငြိမ်နေလိုက်ရင် သေချာတယ် yiboရဲ့ဒေါသစိတ်တွေကို
ပိုဆွသလိုဖြစ်နေမယ်ဆိုတာ။

"အယ်.. ခနနေအစည်းဝေးရှိတယ်နော် yibo အဲ့ဒါ
ငါအရင်သွားနှင့်တော့မယ်"

လောင်ကျန်းဖေးကပြောပြောဆိုဆိုသူ့ကိုတွယ်ချိတ်ထားတဲ့
ရှောင်ကျန့်ရဲ့လက်တွေကိုဆွဲဖြုတ်ကာထိုနေရာကအမြန်ဆုံး
ထွက်လာခဲ့လိုက်သည်။

"ဒါဘာအဓိပ္ပာယ်လဲ Wang yibo မင်းမျက်နှာကြီးက
ဘာလို့စူပုပ်နေရတာလဲ အဲ့လိုလုပ်မှတော့ လောင်ကျန်းဖေး
ထွက်ပြေးပြီပေါ့"

အရှေ့မှာရှိနေတဲ့လူသားက လက်ပိုက်ရင်းအလိုမကျဟန်နဲ့
ပြောပါတယ်။ ဒီ့အတွက်မောင်ဘာတွေများ လုပ်ရဦးမလဲ။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now