Zawgyi 🌴
ဒေါက်.. ဒေါက်
ကျွီခနဲမြည်ကာပွင့်ဟလာတဲ့တံခါးနဲ့အတူမြင်လိုက်ရတဲ့
ကိုကို့မျက်နှာလေးကြောင့်ရင်ထဲအအေးလှိုင်းလေး
ဖြတ်ပြေးသွားသလို။"Good Morning ကိုကို.. ကော်ဖီလာပို့တာပါ"
လက်ထဲကကော်ဖီကိုကြည့်ပြီးယူသင့်မယူသင့်စဉ်းစားနေ
ရသေးတယ်။ ပြီးခါမှဆက်ခနဲဆွဲယူကာ တံခါးကို
ဝုန်းဆိုပြီးဆောင့်ပိတ်သွားတယ်။ပင်လယ်ခရီးစဉ်ကနေ ပြန်လာပြီးကတည်းက ကိုကိုနဲ့
ယနေ့ထိ စကားကောင်းကောင်းမပြောရသေး။ အဲ့ဒီ
တစ်ပတ်လုံးကိုကို တမင်ရှောင်နေခဲ့တယ်လိာ့ထင်မိလို့
မေးတော့တိကျသည့်အဖြေက ဘာမှမရှိပြန်။ကိုကိုရာခင်ဗျား ဘာတွေဖြစ်နေတာလဲ။ ပြတ်သွားတဲ့
ကြိုး၂ချောင်းပြန်ဆက်ချင်တာမဟုတ်သလိုကွဲကြေသွားတဲ့
ဖန်ခွက်လေးကိုအကောင်းပကတိအတိုင်းပြန်ပြုချင်တာလဲ
မဟုတ်ရပါဘူး၊ အေးစက်သွားတဲ့ ရေနွေးတစ်ခွက်ကို
ပြန်ပြီးနွှေးချင်ယုံပါ။ဒီနေ့ တစ်နေ့လုံး ရှောင်ကျန့်တစ်ယောက် yiboကို
မတွေ့ရန်ရှောင်နေခဲ့သည်။"Yibo"
ကုမ္ပဏီရောက်တော့ချောင်ကျကျနေရာကနေထွက်လာသော
အသံလေး။ သူမျက်မှောင်ကျုံ့ရင်းပြန်ကြည့်တော့
ပန်းရောင်ကိုယ်ကျပ်လေးနဲ့ ပန်ကသူ့ကိုပြုံးပြကာအနားကို
ပြေးလာသည်။"ပန် yiboဆီကိုလာတာ.."
နှစ်လိုဖွယ်ကောင်းအောင်ပြုံးရင်းပြောလာသော ပန်ကို
Yiboဘာစကားမှပြန်မပြောပဲအတော်ကြာအောင်ငေးပြီး
မဲ့ရွဲ့ကာကြည့်လိုက်သည်။"ဘာကိစ္စရှိလို့လဲ"
အသံကအရင်လိုပျော့ပျောင်းမနေ၊အဲ့ဒီအပြင်သူ့ရှေ့မှာအခု
ရပ်နေတဲ့yiboကဟိုအရင်လိုသူ့ကိုလေပြေလေးတိုက်သွား
ရင်တောင်သဝန်တိုတဲ့သူမဟုတ်တော့၊ အခုလက်ရှိသူ့ရှေ့မှာ
ရပ်နေတဲ့yiboကသူ့ကိုလေပြေလေးတွေထိတွေ့သွားယုံမကလို့ ကျောက်ကျိတ်ကားကြီးတတ်ကြိတ်သွားမယ်ဆိုရင်တောင်
ဂရုစိုက်မယ့်သူမဟုတ်တော့ပါ။ မဲနက်သောမျက်ခုံးမွှေးတို့က
အပေါ်သို့ပင့်တက်လာသောအခါ ပန်အနည်းငယ်တော့
ရှိန်မိသည်။ မတွေ့ရတဲ့ဒီခနတာမှာ yiboတစ်ခြား
တစ်ယောက်ပမာပြောင်းလဲသွားမယ်လို့ထင်တောင် မထင်ထား။
YOU ARE READING
မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)Completed
FanfictionZawgyi 🍁 Unicode ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤