(4)

14K 1.2K 102
                                    

Zawgyi 🌴

"မောင် အသည်းကွဲနေလို့"

မောင်ပြောတဲ့စကားကြောင့်ရင်တွေကွဲမတတ်ဖြစ်သွားရတာအမှန်။ ထို့နောက် မောင့်ရဲ့ခန္ဓာလေးကိုတင်းနေအောင်
ဖက်တွယ်ထားလိုက်ပြီးအနောက်ကျောပြင်လေးကိုပွတ်ပေးလိုက်သည်။

မောင့်ကိုနတ်ဘုရားတစ်ပါးလိုယုံယုံကြည်ကြည်ကိုးကွယ်သည်။ ကြည့်ရတာမောင့်စိတ်ထဲ ကိုကို့အတွက်နေရာ
မရှိသေးဘူးထင်တယ်။

"မောင်.ဒါဆို အဲ့ကောင်မလေးကို
ချစ်လို့လား"

သိချင်စိတ်နဲ့မေးလိုက်တဲ့ကိုကို့စကားနောက်မှာမောင့်ရဲ့ခပ်လှောင်လှောင်အပြုံးတို့ကိုလက်ခံရရှိပြီးဖြစ်သည်။

"အဟင်း.. မောင် အသည်းကွဲတယ်ဆိုတာထက်
ခံပြင်းနေတယ်လို့ပြောရင် ပိုမှန်လိမ့်မယ်"

"ဘယ်လို.... "

"ဟိုကောင်မ လီလီလေ အဟက်ဟက် မောင့်ကို
ထားခဲ့တာ သူထားခဲ့လို့အသည်းကွဲတာမဟုတ်ဘူး
မောင်က အရင်မဖျက်ခဲ့ရပဲ သူကအရင်ထားခဲ့လို့
မောင် ခံပြင်းနေတာ ကိုကို... "

"အင်းပါ မောင်ရယ် အခုထမင်းစားမလား..
ကိုကို ညစာပြင်ထားတယ်"

"မစားတော့ဘူး ကိုကို အေ့.. မောင် အရမ်းကို
အိပ်ချင်နေပီ.. '

မူးနေတဲ့မောင်ကို ထမင်းစားခိုင်းလို့ရမှာ
မဟုတ်မှန်း သိနေတာကြောင့် ဆက်မပြောတော့ပဲ
တွဲကူကာ အခန်းထဲကို ခေါ်လာခဲ့တော့သည်။

"မောင်.. အင်္ကျီချွတ်လိုက်နော်"

"အင်းဟင်း.."

ခေါင်းညိမ့်ပြသော်လဲမျက်လုံးကတော့အခုထိမှိတ်ထားစဲပဲ။
ဘယ်လိုနေနေချစ်ဖို့ကောင်းနေတဲ့မောင့်ကြောင့်ပါးလေးကို
ရွှတ်ခနဲနမ်းလိုက်သည်။

ကောင်မလေးနဲ့ပျက်သွားလို့မူးနေအောင်
သောက်လာတဲ့ မောင်..မောင့်ရဲ့ကောင်မလေးနဲ့
ပြတ်သွားတာကို.. ကိုကိုပျော်ပေမယ့် ၊
မောင် အခုလိုဖြစ်နေတာကိုတော့ ကိုကို
မမြင်ချင်ပါ ဒီတစ်ခါကော မောင်အတွက်..
ကောင်မလေးရှာပေးရဦးမှာလား။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedWhere stories live. Discover now