Zawgyi🌴
"Breakfastထစား"ဆိုတဲ့စကားကြောင့် အခုရှောင်ကျန့်
ချက်ချင်းထပြီး Breakfast ထစားနေရပါတယ်။
သူ့အရှေ့မှာတော့စူးရဲစွာကြည့်နေတဲ့yiboကအဆင်သင့်။"အားနာရတယ်"
သက်ပျင်းသဲ့သဲ့ကိုသူချ၍ စိတ်မကောင်းဖွယ်မျက်နှာထားနဲ့
ဆိုနေလေရဲ့။"ဘာကိုလဲ မောင်!
"ခင်ဗျားပေါ်မှာလုပ်ခဲ့သမျှတွေကိုပြန်တွေးရရင်
တစ်ကယ်ကိုအားနာမိပါတယ် ဒါပေမယ့် နောက်ဆုံး
ခင်ဗျားပြောသလို တိခနဲပြတ်တောက်သွားတဲ့ကြိုးလေး
၂ချောင်းက ပြန်မဆက်နိုင်တော့ဘူး ကျွန်တော်တို့!!!ပြောနေရင်းက ခေါင်းကိုဆတ်ခနဲမော့လာ၍ မျက်လုံးချင်း
စုံကာပြောလာပါ၏။"ကျွန်တော်တို့ ဘယ်လိုမှမဖြစ်နိုင်တော့ဘူး ခင်ဗျား
ရှန်ဟိုင်းကိုပြန်ပါတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့ ""အဲ့ဒီတော့ ကိုယ့်ဘက်ကနောက်ဆုပ်ရမယ်ပေါ့
မောင် ကိုယ့်ကိုယ်အဲ့သလောက်မုန်းသလား""မဟုတ်ဘူး ကျွန်တော်ခင်ဗျားကို မမုန်းပါဘူး"
"ဒါဆို ချစ်တယ်ပေါ့"
ချက်ချင်းပြန်မဖြေ ခေါင်းကိုငုံ့ချ၍ ဖြေရမှာသိပ်ကို
ခက်ခဲနေတဲ့ပုံ။ မောင်မပြောလဲ မောင့်မျက်ဝန်းထဲက
အချစ်ရိပ်တွေ ကိုယ်မြင်ပြီးသားပါ။"ကျွန်တော်တောင်းပန်ပါတယ် အဲ့လိုပြောယုံနဲ့
ပြန်မကောင်းသွားနိုင်ဘူးဆိုတာသိပေမယ့် တောင်းပန်ပါတယ်
ဆိုတာပဲပြောနိုင်သေးလို့ အားနာရတယ်"သက်ပျင်းသဲ့သဲ့ချ၍ပြောလာခြင်းကြောင့်အနည်းငယ်
ပြုံးမိပါသည်။ မောင်က ဘာကြောင့်တရေးတယူလုပ်ပြီး
တောင်းပန်နေတယ် ကိုယ်တိုင်မသိရပါ။"မတောင်းပန်နဲ့ မောင်.. မတောင်းပန်နဲ့"
ကိုယ်ကအရာအားလုံးခွင့်လွှတ်ပေးမှာမို့ပါ။
စားပွဲခုံပေါ်တင်ထားသည့်သူ့လက်လေးအပေါ်ကနေ
အုပ်မိုးကိုင်လေတော့နှင်းစက်လေးပမာအေးစက်နေပါ၏။
YOU ARE READING
မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)Completed
FanfictionZawgyi 🍁 Unicode ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤ ပုံပြင်လေးတစ်ပုဒ်ကိုမောင်နဲ့ပဲစတင်ကြည့်ကြပါစို့ ❤