(27)

13.9K 1.2K 162
                                    

Zawgyi 🌴

အခန်းကျဉ်းတစ်ခု၌အနီရောင်ကိုယ်ကြပ်နဲ့မိန်းမလှလေး
တစ်ယောက်စိတ်အလိုမကျစွာထိုင်နေသည်။ ထို့အပြင်
အပြစ်မဲ့တဲ့နှင်းဆီရောင်နှုတ်ခမ်းလေးကိုဖိကိုက်ထားသည်။

"တောက်..!

"ဘာဖြစ်တာလဲ ကြည့်ရတာစိတ်တိုနေသလိုပဲ"

ခနဲ့ပြုံးလေးနဲ့အတူကမ်းပေးလာသောဘီယာဗူးလေးကို
သူမ'လှမ်းယူကာစိတ်တိုတိုနဲ့တစ်ငုံသောက်လိုက်သည်။

"yiboပြောင်းလဲသွားတယ် တစ်ခြားတစ်ယောက်လိုပဲ"

သူပြောတော့ရွှယ်ယမ်ကပြုံးဆဆနဲ့ခေါင်းလေးကိုတစ်ဆတ်ဆတ် ညိမ့်ပြသည်။

"ဟုတ်တယ် အဲ့ကောင်ပြောင်းလဲသွားပြီ"

"မဟုတ်မှလွဲရော!!

ပန်ကအံ့သြထိတ်လန့်ကာရွှယ်ယမ်ကိုစေ့စေ့ကြည့်ပြီး
စကားဆက်သည်။

"သူအားလုံးသိသွားလို့များလား"

"အဲ့ဒါအပြင်ပိုမရှိဘူး"

သူကသာတုန်လှုပ်နေပေမယ့်ရွှယ်ယမ်ကတော့စကားပြောတာကအစ အေးအေးလူလူပင်။

"နင့်မှာအကြံစည်ရှိလား ရွှယ်ယမ် "

"ဒါပေါ့.. ဒီတစ်ခါသူ့ကိုအပြတ်ရှင်းနိုင်မယ့် စီမံကိန်းကို
ငါတို့လုပ်ဖို့လိုတယ်"

ပန်ကအနည်းငယ်တွေးဆဆလုပ်ပြီးမှလက်ဖျောက်တစ်ချက်တီးကာ။

"ငါလျူရွှမ်ကို အကူညီတောင်းလို့ရတယ် "

ရွှယ်ယမ်ရဲ့မျက်လုံးတွေလတ်ခနဲဖြစ်သွားသည်ကို သူမ'
ကျေနပ်စွာတွေ့မြင်ရသည်။

"သူကူညီပေးပါ့မလား"

"ငါဘယ်သူလဲဆိုတာနင်မေ့နေပုံရတယ် ငါက လျူရွှမ်ရဲ့
အသည်းအမွှာလေးလေ.. အဟင်းဟင်း နင်စောင့်ကြည့်"

နှစ်လိုဖွယ်အပြုံးတစ်ခုကိုနှုတ်ခမ်းထက်မှာရွှယ်ယမ်
တပ်ဆင်လိုက်သည်။

Yiboနဲ့ကျောင်းနေကတည်းကခင်မင်ခဲ့သော်လည်း
ဆိုးတူကောင်းဘက်သူငယ်ချင်းက အိမ်ထောင်ကျပြီး
ကောင်းစားသွားတော့သူ့မှာတစ်ပတ်လောက်ရင်ခံရသေးသည်။ အိမ်တစ်လုံးတောင်မပိုင်တဲ့ကောင်က အခုတော့
ဘောစိတစ်ယောက်နဲ့ညားပြီးနေ့ချင်းညချင်းကောင်းစားသွားတယ်။ ဒါပေမယ့် ငါကရော.. ဟက်.. ငါက သူ့ထက်
အိမ်လဲရှိသလို ယုတ်စွအဆုံးကော်ဖီဆိုင်လေးတောင်
ပိုင်သေးသည်မဟုတ်လား။

မောင်ဟုခေါ်သည်(မောင်ဟုခေါ်သည်)CompletedDonde viven las historias. Descúbrelo ahora