Diary {18} - "လူဝင်စား"

Start from the beginning
                                    

ထိုဦးလေး မသေခင်ကလဲ ချွေးမ နဲ့ ယောက္ခထီးက အပြန်အလှန်ချစ်ခင်ပြီး အဆင်ပြေတဲ့ ဆက်ဆံရေးမို့ ထိုသူအား ယခုလို ပြန်တွေ့ချိန်မှာတော့ သူမလဲ ဝမ်းသာအားရနဲ့ "အဖေ" ဆိုပြီး အော်ခေါ်လိုက်မိတယ်။

အဲ့အခါ ထိုဦးလေးက ပြုံးပြီးကြည့်ရင်းနဲ့ အဖေက သမီးတို့နဲ့အတူ လာနေချင်လို့ ဆိုပြီး ပြောရင်း မြေးလေးနဲ့လဲ အတူဆော့ချင်နေတာဆိုပြီး အရုပ်တွေနဲ့ ဝင်ဆော့သတဲ့လေ။

သူမရဲ့ ထိုအိမ်မက်လေး မြင်မက်ပြီး သိပ်မကြာခင်မှာပဲ ချွေးမလေးမှာ ကိုယ်ဝန်ရှိပြီး သမီးလေး မွေးဖွားလာခဲ့တယ်။

အဲ့သမီးလေးကလေ ထိုယောက္ခထီးဦးလေးကြီး ပြန်ဝင်စားတာ ဖြစ်ပြီး ကလေးလေးရဲ့ရုပ်ကလဲ ဦးလေးကြီး အငယ်စားလေးလို့ ခေါ်ရလောက်သည်အထိ ချွတ်စွတ်ကို တူနေခဲ့တာကတော့ လွန်စွာ ထူးဆန်းလှပါတော့သည်။

==========

ထပ်မံ ပြောပြချင်တဲ့ အကြောင်းအရာလေးကတော့ စာရေးသူတို့ အိမ်နီးနားချင်း အကြောင်းပဲ ဖြစ်ပါတယ်။

ထိုအိမ်နီးနားချင်း လင်မယားမှာ အသက်အားဖြင့် (၆၀) ကျော် ဖြစ်ပြီး သား ၂ ယောက် ရှိပါတယ်။

ဦးအောင် နဲ့ ဒေါ်သက် ထိုလင်မယားနှစ်ယောက်အိမ်ထောင်ကျစတုန်းက ဒေါ်သက်ရဲ့ အမေက လုံးဝ သဘောမတူခဲ့ပေ။ အဲ့နောက် သူမ သမက်ဖြစ်သူ ဦးအောင်အား စကားလုံးဝ မပြောခဲ့။

အဲ့သလိုကနေ ထိုယောက္ခမ ဖြစ်သူ သေဆုံးပြီးနောက် အပေါ်မှာ ပြောခဲ့သလိုပဲ အိမ်မက်ပေးကာ ဦးအောင်ရဲ့သား ကိုကျော် ၊ တနည်းအားဖြင့် သူ့မြေး ဖြစ်တဲ့ ကိုကျော်ရဲ့ မိန်းမဝမ်းဝယ် ပြန်ဝင်စားခဲ့သည်။

သမီးလေးအဖြစ် မွေးဖွားလာပြီးနောက် ထူးဆန်းတာကတော့ ထိုလူပြန်ဝင်စားတဲ့ ဖူးဖူးဟု အမည်တွင်တဲ့ကောင်မလေးက သူ့အဘ ဖြစ်သူ ဦးအောင် အား ဒီဘဝတွင်လဲ စကားလုံးဝ မပြောခြင်းပင်။

ယောက္ခမ အဖြစ်နဲ့ အရင်ဘဝက သမက်ဖြစ်သူ ဦးအောင် အပေါ်ကို မကြည်ဖြူခဲ့သလို မြေးအဖြစ် ယခုဘဝ ပြန်ဝင်စားတော့လဲ အဘိုးဖြစ်နေတဲ့ ဦးအောင်ကို အဖက်လုံးဝ မလုပ်ခဲ့ပေ။

Ghost Diary {Completed}Where stories live. Discover now