Diary {18} - "လူဝင်စား"

Start from the beginning
                                    

နောက်တော့ တကယ်ပဲ ဆရာမ ဆန္ဒတွေ ပြည့်ဝလာခဲ့ရပါတော့တယ် ။ ဘာလို့လဲဆိုတော့ ၃ နှစ်လောက်အကြာမှာ ကလေးလေး ထပ်ရလာခဲ့တာကြောင့်ပါ။

မွေးလာတဲ့ကလေးကလဲ သမီးလေးပါပဲ ။ ဒါ့အပြင်ထိုကလေးလေးက သေသွားတဲ့ သမီးလေး ပြန်ဝင်စားတာလို့ ဆရာမတို့က သတ်မှတ်ခဲ့ကြပါတယ်။

ပြန်ဝင်စားတာ ဖြစ်ကြောင်းကို သိသာတဲ့ အချက်တွေ အများကြီးရှိနေတာကြောင့်ပါ။ အထင်ရှားဆုံး အဖြစ်ကတော့ ဒီလိုပါ ။ အရင်က သေသွားတဲ့ ကလေးက သူမ အရမ်းကြိုက်တဲ့ အကျီလေးတွေကို ထုပ်ပိုးပြီး "သမီးသိမ်းထားလိုက်မယ်နော်" ဟုဆိုကာ သူ့ဘာသူ သိမ်းထားတာရှိပါတယ်တဲ့။

ဖြစ်ချင်တော့ သူမ ဆုံးသွားတဲ့အချိန်တုန်းက ဆရာမတို့က အဲ့အကျီထုပ်လေးကို အိမ်ထဲအနှံ့ လိုက်ရှာခဲ့ကြပေမဲ့ ရှာလို့မတွေ့ခဲ့ကြဖူးတဲ့လေ။

အခု နောက်သမီးလေး မွေးလာတော့မှ စမ်းသပ်ကြည့်တဲ့အနေနဲ့ သမီးမမ သိမ်းထားခဲ့တဲ့ အကျီထုပ်လေး သိလားဆိုပြီး မေးလိုက်တော့ "အဲ့ဒါလား သမီး သိတယ် မေမေ" ဆိုပြီး အကျီထုပ်ကို သူသိမ်းထားတဲ့နေရာကနေ သွားယူလာခဲ့တာတဲ့လေ။

တကယ့်ကို အံ့ဖွယ်တွေပါပဲ။ ထိုမိခင်ရဲ့ ဝမ်းမှာပဲ ပြန်ပြီး လူဖြစ်တည်လာတာမို့ တကယ် ရေစက်တွေ နှောင်ကြိုးတွေဟာ ဆန်းကြယ်လွန်းလှပါတယ်။

========

နောက်ထပ် လူဝင်စား အကြောင်းအရာလေးကတော့
စာရေးသူရဲ့ အသိ ဦးလေး တစ်ယောက် အကြောင်းပါ ။

သူ့မှာ သား၂ ယောက် သမီး ၁ ယောက်ရှိပါတယ်။
သားတယောက်ပဲ အိမ်ထောင်သည်ဖြစ်ပြီး ကျန်တဲ့ ၂ ယောက်က အပျိုလူပျိုတွေပါ။

အဲ့လိုကနေ တနေ့မှာ အဲ့ဦးလေး ဆုံးသွားတော့ အိမ်ထောင်သည်သားမှာ ကလေး တစ်ယောက် ရှိနေခဲ့ပြီးသားပါ။

ထိုဦးလေး သေဆုံးပြီး ၁ နှစ်လောက်အကြာမှာတော့ သူ့ချွေးမလေးမှာ ထူးဆန်းတဲ့ အိမ်မက်တခု မြင်မက်ပါတယ်။

သူ့ချွေးမလေးက သူမရဲ့ သားလေးနဲ့ နှစ်ယောက် အိမ်ထဲမှာ အိုးပုတ်တွေ ကစားစရာအစုံနဲ့ ဆော့နေတုန်း အနားကို လာရပ်တဲ့ ခြေထောက် တစုံကြောင့် မော့ကြည့်လိုက်တော့ သူမရဲ့ ယောက္ခထီး ဖြစ်နေလေသတဲ့ ။

Ghost Diary {Completed}Where stories live. Discover now