ဒါ့ထက် ပိုထူးခြားတာကတော့ အဲ့လို အစာထုပ်ကို ပစ်ထားခဲ့ပြီးလျှင် နောက်ပြန်လှည့်မကြည့်ဘဲ အိမ်ထဲသို့သာ အမြန်ဝင်နေရန်လဲ မှာကြားထားပါတယ်။ အကြောင်းကတော့ မမြင်သင့်တာတွေ မမြင်စေချင်တဲ့ သဘောပါ။

သို့သော် စာရေးသူရဲ့ အသိအမ မှာ စပ်စုလိုစိတ်နဲ့အတူ သိလိုစိတ်ကလဲ ပြင်းပြနေခဲ့တာမို့ ထိုသို့ သူတို့ခြံကြီးရဲ့ အနောက်ဒေါင့်မှာ ခေါစာပစ်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ကာ အပေါ်ထပ်ကနေပြီး ချောင်းကြည့်ခဲ့ပါသတဲ့လေ။

အဲ့အချိန်မှာပဲ

ကဲ ...  ဘာတွေ တွေ့တယ်လို့ ထင်ပါသလဲ ?

စိတ်လှုပ်ရှားအောင် ကြားဖြတ်မေးခွန်း မေးကြည့်တာပါ ။

သူမ ဘာတွေ တွေ့သလဲဆိုတော့ကား

သူမတို့ ရပ်ကွက်ထဲမှာ ဘယ်တုန်းမှ မတွေ့ဖူး မမြင်ဖူးတဲ့ ကြောက်စရာအရွယ်အစားနဲ့ ခွေးမဲကြီး ၃ ကောင် ၊ ၄ ကောင် လောက် ရောက်လာပြီး ထို ခေါစာထုတ်ကို စားနေကြပါသတဲ့။

စာရေးသူအနေနဲ့ သူမထံမှ ထိုစကားကြားကြားချင်းတုန်းက ကြက်သီးတောင် ထသွားခဲ့ပါတယ်။

ထိုခွေးမဲကြီးတွေဆိုတာ နာနာဘာဝတွေက အသွင်ပြောင်းပြီး လာစားကြခြင်းပါ။

ခွေး အရွယ်အစားမှာလဲ တော်တော်ကြီးထွားသည်ဟု ဆိုပါတယ်။

ထိုသို့ ခွေးမဲကြီးတွေ လာရောက်စားသောက်ကြပြီးနောက်မှာတော့ အလျိုလျို ထွက်ခွာသွားပြီး ပျောက်ကွယ်သွားကြပါတော့တယ်တဲ့လေ။

ဤလောကဝယ် မမြင်အပ်တဲ့ အရာတွေ ကလဲ တကယ် ဆန်းကြယ်လှပါတယ်။

ကဲ ဒီတော့ကား ဒီနေ့တော့ "ခေါစာပစ်ခြင်း" ဆိုတဲ့ အကြောင်းလေးကို diary ထဲမှာ ထည့်သွင်းရေးသားရင်း ဒီလောက်နဲ့ပဲ အဆုံးသတ်လိုက်ပါတော့မယ်နော်။

နောက်ရက်မှာတော့ "စွဲလမ်းစိတ်" ဆိုတဲ့အကြောင်း ဗဟုသုတ ရစရာလေးတွေ ထူးဆန်းထွေလာလေးတွေနဲ့ ရောစပ်ပြီး ပြောပြဖို့ ရှိပါသေးတယ်။

ပြန်လာခဲ့မယ်နော်

အခုတော့ "တာ့တာ"

Good Night ‼️

Ghost Diary {Completed}Where stories live. Discover now