Chapter 6:(အကျဉ်းကျခြင်း)

2.4K 459 21
                                    

[Unicode]
             - အကျဥ်းကျခြင်း -

ရှန်ဇယ်ချွမ်း ကျောင်းကျွေ့ဘုရားကျောင်းထဲသို့
ဝင်သော နေ့သည် ချွိတူး၌ ရှားရှားပါးပါး
နေ‌သာသော နေ့တစ်နေ့ဖြစ်လို့ နေသည်။
ကျောင်းတော်၏ အုပ်ကြွပ်ပြားများအပေါ်တွင်
အဖြူရောင်နှင်းပွင့်များက ဖုံးအုပ်နေပြီး၊
အစိမ်းရောင်ဇီးပင်တို့သည်လည်း နီစွေစွေ
နံရံများပေါ်တွင် ပုံရိပ်ထင်ဟပ်နေလျက်။
နေရောင်ခြည်ကတဖန် သူ၏ ခြေထောက်
များရှေ့၌ အရိပ်တို့ကို ထင်ဟပ်စေပြီး၊
အုပ်ကြွပ်အမိုးတို့ကို ကျော်ဖြတ်ကာ အရှိန်တညီးညီးတောက်ပနေလေ၏။

သူသည် ပြင်းထန်သည့် အဖျားဒဏ်မှ နာလန်
ထူခါစရှိသေးသဖြင့် အရိုးငေါငေါပေါ်သည်အထိ
ပိန်ချုံ့နေလေသည်။အသက်ဆယ့်ငါးနှစ်အရွယ်
၌ သူ၏ အတိတ်နှင့် အိမ်မက်ဟောင်းများမှာ
မျက်လုံးများအား ဖွင့်ကြည့်မိသည့်အခိုက်... အရိုးခိုက်အောင်အေးစက်သော မြောက်ပြန်
လေညှင်းက ပြာများကို သယ်ဆောင်ကာ
ဖြန့်ကြဲပစ်လိုက်သည့်နှယ်။

ကောချင်းချင်းသည် လှေကားထစ်များ‌အပေါ်မှ
ဦးစွာဆင်းလာခဲ့သည်။ သူက သူ၏ ဦးခေါင်းကို
လှည့်ကာ ရှန်ဇယ်ချွမ်းကို ကြည့်လာခဲ့ပြီး
ပြော၏။

"နောက်ကျနေပြီ"

ရှန်ဇယ်ချွမ်းကား တိုင်လုံးကို မှီကာ ကိုယ့်ကိုယ်
ကိုယ်အားပြုလျက်၊ လှေကားထစ်များအပေါ်၌
ဖြေးညှင်းစွာ ဆင်းနေမိသည်။ အနှီးလူသည်
နေရောင်ခြည်နှင့် ထိတွေရခြင်းကို ကျင့်သားမရ
သေးသော်ငြား၊ ကြောက်ရွံ့ခြင်းမူ အလျင်းမရှိ။
လူငယ်တစ်ယောက်၏ ကလေးဆန်မှုများမှာ
သူ၏ ဖြူဖျော့ဖျော့မျက်နှာပေါ်တွင် မှုန့်မှုန့်
ညက်ညက်ကျေအောင် ချေမွခံခဲ့ရသည့်နှယ်၊
ဖျားနာမှုကြောင့် ညှိုးနွမ်းနေသည်မှလွဲ၍
သူ၏ မျက်နှာထက်မှ မည်သည့်အမူအရာကိုမှ
ခန့်မှန်း၍ မရချေ။

ကျိလေသည် ကျောင်းကျွေ့ဘုရားကျောင်း၏
မုဒ်ဝတွင် ရှောင်ဖူကျီနှင့်အတူ စောင့်ဆိုင်းနေ
၏။ ရှောင်ဖူကျီက သူ၏ ခေါင်းကို မော့ကာ
ဤရှေးဟောင်းဘုရားကျောင်းကို ကြည့်ရှုလျက်
ချီးမွမ်းစကားဆိုလာခဲ့သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now