Chapter 13:(ပုစဉ်းရင်ကွဲငယ်)

1.6K 363 36
                                    

[Unicode]
       -ပုစဉ်းရင်ကွဲငယ်-

ရှောင်းချီရယ်သည် လီကျန့်ဟန်ကို လှည့်
မကြည့်ဘဲ၊ သူ၏ လက်ချောင်းလေးများဖြင့်
လက်ဖက်ရည်ခွက်၏ အဖုံးကို ဖြည်းဖြည်း
ချင်းပြန်အုပ်လိုက်သည်။ သူက ဆို၏။

"မစိုးရိမ်နဲ့။"

လီကျန့်ဟန်မှာမူ သူ၏ ကုလားထိုင်တွင်
ပြန်ထိုင်လျက်၊ အကြီးအကျယ်တုန်လှုပ်
လို့ နေ၏။ ထိုခဏ၌ မယ်တော်ကြီး၏
အမေးစကားကို သူ ကြားလိုက်ရသည်။

"ဧကရာဇ်က ဒီမှာရှိနေတယ်။ပြီးတော့
လှည့်ကင်းကလည်း တင်းကျပ်နေတာ။
ဘယ်လိုလုပ်ပြီး လူတစ်ယောက်က
အကြောင်းပြချက်မရှိဘဲ ရေနစ်နိုင်
မှာလဲ?"

ကျိလေက ပြောလိုက်သည်။

"လျှောက်တင်ပါတယ်...မယ်မယ်ဘုရား!
ကျွန်တော်မျိုး မှုခင်းဆေးပညာရှင်ရဲ့
စစ်ဆေးချက်ကို စောင့်ပြီး အလောင်းကို
ပြန်သယ်လာဖို့ တစ်ယောက်ယောက်ကို
စေခိုင်းထားပြီးပါပြီ။ မကြာခင် အသေး
စိတ်သိရတော့မှာပါဘုရား။"

"မောင်မင်း ဘာကို ဆိုလိုချင်တာလဲ?"

နာတာရှည်ရောဂါတို့သည် ဧကရာဇ်
ရှန်ဒယ်၏ မျက်ခုံတို့အား အလိုမကျစွာ
တွန့်ချိုးစေ၏။ သူက ပြောလာခဲ့သည်။

"သူ့ရဲ့သေဆုံးမှုနဲ့ပတ်သတ်ပြီး သံသယ
ဖြစ်စရာ တစ်ခုခုရှိတယ်လို့တော့
ကိုယ်တော့်ကို မပြောနဲ့နော်။"

ကျိလေက ပြောလိုက်သည်။

"အရှင်မင်းမြတ်, သူ့ကို ကျွန်တော်မျိုး
တို့ ရေထဲကနေ ဆယ်လာတဲ့အချိန်မှာ
သူ့တစ်ကိုယ်လုံး ဒဏ်ရာတွေပြည့်နှက်
နေပါတယ်။ဒါက အရိုက်ခံထားရမှန်း
ထင်ရှားကြောင်းပါ။ရှောင်ဖူကျီအနေနဲ့
နန်းတော်ရဲ့တရားရေးရာမိန်းမစိုးတစ်
ယောက်ဖြစ်ပေမဲ့ အထွေထွေဌာန(၂၄)ခုမှာ
အရေးပါတဲ့ ရာထူးကိုတောင် ရရှိထားတဲ့
လူ မဟုတ်ပါဘူး။သူက အရှင့်ရဲ့ကိုယ်ရေး
ကိုယ်တာ မိန်းမစိုးတစ်ယောက်သာသာပါပဲ။
သူ..မသေဆုံးခင် နှိပ်စက်ခံထားရတယ်ဆို
တော့ လူသတ်သမားက တခြားအရေး
ကြီးတဲ့ ကိစ္စတစ်ခုကို လျှို့ဝှက်ကြံစည်
နေမှာကို ကျွန်တော်မျိုး စိုးရွံ့မိပါတယ်
ဘုရား။"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now