Chapter 45:(သစ်လွင်သော ဓား)

1.8K 354 71
                                    

[Unicode]
       - သစ်လွင်သော ဓား -

မင်းနားရွက်တွေ နီနေပြီ!

ရှန်ဇယ်ချွမ်း၏ နှလုံးသားတို့သည်ကား မူလက ရေ
နက်ပိုင်းရှိ ရေများကဲ့သို့ ပကတိ တည်ငြိမ် နေသော်
လည်း၊ ယခုအခါ၌ ရှောင်းချီရယ်၏ ထိုစကားတစ်
ခွန်းကြောင့် ရုတ်ခြည် လှုပ်ခတ်သွားရသည်။ သူ၏
ဝတ်ရုံလက်အတွင်း၌ တည်ရှိနေသော ရှောင်းချီရယ်
၏ လက်ကိုင်ပုဝါမှာမူ အထိမခံသည့် မီးပွားစတစ်စ
အလား၊ ၎င်းက ရှောင်းချီရယ်၏ အမိန့်ကို နာခံ
လျက်၊ သူ(ရှန်ဇယ်ချွမ်း)၏ နားရွက်တစ်စုံသို့ တိုင်
အောင် မီးညွှန့်များ တလူလူ ဖြာတက်လျက် ရှိ၏။
ရှန်ဇယ်ချွမ်းမှာ ထိုမီးညွှန့်များကြောင့် နှင်းတမျှ
ဖြူဖွေးသော သူ၏ အသားအရေထက်တွင် အနီ
ရောင်အရိပ်တို့ သန်းနေမည်ကို အလိုလို သိပြီးသား
ပင် ဖြစ်သည်။ အကယ်၍ သူ ငြင်းဆန်လျှင်လည်း
မည်သူမှ ယုံကြည်လိမ့်မည်မဟုတ်ပေ။

ရှန်ဇယ်ချွမ်းမှာ အကျဉ်းထဲအကျပ်ထဲ ရောက်နေ
ချိန်၌ သူ၏ ပတ်ပတ်လည်တွင် ကြေမုံမှန်များကို
စက်ဝိုင်းသဏ္ဍာန် ဝိုင်း၍ ချကာ၊ သူ၏ ရှက်ဖွယ်
လိလိ ပုံရိပ်ကို အမိအရ ရိုက်ယူထားခံရသည့်နှယ်
၊ တကယ်ကို အနေရ ခက်လှစွာဖြင့်။

တစ်ဖက်မှ ရှောင်းချီရယ်ကမူ ရှန်ဇယ်ချွမ်း၏ အ
ပေါ်ယံအခွံကို ခွာကာ တကယ့်စစ်မှန်သော ပုံစံကို
မြင်ချင်နေပုံပေါ်၏။

ရှန်ဇယ်ချွမ်းသည်ကား အကျပ်တွေ့နေသော အခြေ
အနေမှ လွတ်မြောက်ရန်အလို့ငှာ၊ သူ၏ နှုတ်ခမ်း
ကို လျှာနှင့် မသိမသာ သပ်လိုက်ပြီး၊ လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်ကာ ရှောင်းချီရယ်၏ ကျီ
စယ်မှုကို လျစ်လျူရှုထားလိုက်သည်။သူက ရှောင်း
ချီရယ်အား နောက်တစ်ဖန် ထပ်၍ စနောက်ရန် အ
ခွင့်အရေးမပေးတော့ဘဲ၊

"အိပ်ချိန်ရောက်နေပြီ"

ရှန်ဇယ်ချွမ်းက စကားလမ်းကြောင်းလွှဲကာ ဆက်
ပြောသည်။

"ရှစ်ဖူးတို့ကို သွားခေါ်ရအောင်!"

ရှောင်းချီရယ်သည်ကား ရှန်ဇယ်ချွမ်း၏ 'ငါ မင်းကို
ဂရုမစိုက်ဘူး'ဟူသော ပုံစံကို ခံစားနေရသည်။ ၎င်း
ဟာ ရှန်ဇယ်ချွမ်းအား သူ(ရှောင်းချီရယ်)၏ အိပ်
ရာပေါ်သို့ အောင်မြင်စွာ တွန်းလှဲနိုင်ခဲ့ပြီးနောက်၊ နောက်တစ်ကြိမ် ထပ်၍ တွန်းလှဲရန်အတွက် သူ၏ လိုအင်ဆန္ဒများကို ဗြောင်ဆန်အောင် မွှေနှောက်နေ
သည့်နှယ်။ မည်သို့ပင်ဆိုစေကာမူ၊ ရှောင်းချီရယ်အ
နေဖြင့် အနှီးလူအား အိပ်ရာပေါ်သို့ နောက်တစ်ဖန်
အောင်မြင်စွာ တွန်းလှဲချင်လျှင် စိတ်ရှည်ရမည်သာ
ဖြစ်၏။ စိတ်လိုက်မာန်ပါပြုလုပ်ခြင်းဟာ တစ်ဖက်
သားအား မိမိ၏ ထောင်ချောက်ထဲသို့ ဝင်အောင်ပြု
လုပ်နိုင်လိမ့်မည်မဟုတ်။ သို့ဖြစ်၍ သည်တစ်ကြိမ်
တော့ သူဟာ ရှန်ဇယ်ချွမ်းကို သက်ညှာပေးရပေ
လိမ့်မည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now