Chapter 42:Part 2(အနီရောင် မေဟွားပန်းပွင့်များ)

1.8K 363 91
                                    

[Unicode]
    - အနီရောင် မေဟွားပန်းပွင့်များ -

ရှန်ဇယ်ချွမ်းသည် သက်ပြင်းဖွဖွချလျက်၊ သူ၏ ရှေ့
မှ လူသုံးဦးအား နှုတ်ဆက်စကားတစ်ခွန်းမှပင် မဆို
ဘဲ တံခါးကို ဖွင့်ကာ ထိုအခန်းထဲမှ ထွက်ခွားသွား
သည်။ ကျန်နေခဲ့သည် အမျိုးသားပြည့်တန်ဆာသုံး
ဦးမှာ ရှန်ဇယ်ချွမ်း၏ အပြုအမူကြောင့် အံ့အားသင့်
စွာဖြင့် တစ်ယောက်ကို တစ်ယောက် အပြန်အလှန်
ပင် ကြည့်လိုက်မိကြသည်။

အခြားတစ်ဖက်မှ သင်းထောင်ကမူ ရှန်ဇယ်ချွမ်း၏
အနောက်သို့ အမြဲလိုလို လိုက်နေခဲ့သည်ဖြစ်ရာ၊ အုံ
ဟွားဂေဟာ,ထဲမှ ရှန်ဇယ်ချွမ်းထွက်လာသည်ကို
မြင်လျှင်မြင်ချင်း သူတင်းကြပ်စွာ ဆုပ်ကိုင်ထားခဲ့
သည့်အတွက်ကြောင့် တွန့်ကြေနေပြီဖြစ်သော သူ
၏ ရင်ဘက်ထဲမှ စာအုပ်အရှုံ့လေးကို ထုတ်ကာ သူ
မြင်သမျှကို ဤသည်မရွေး လိုက်မှတ်လိုက်သည်။
သို့သော် သူသည် ထိုသို့မှတ်လို့ အပြီးမှာပင် လူအုပ်
ကြားထဲသို့ တိုးဝင်သွားသော ရှန်ဇယ်ချွမ်းကို မြင်
လိုက်သဖြင့်၊ လျှစ်လျှူမရှုရဲဘဲ ရှန်ဇယ်ချွမ်း မသိနိုင်
လောက်သည့် ခပ်လှမ်းလှမ်းအကွာအဝေးမှ နေကာ ရှန်ဇယ်ချွမ်း၏ အနောက်သို့ မျက်ခြေမပြတ်အောင်
လိုက်သွားသည်။

ရှန်ဇယ်ချွမ်းသည် ပုံမှန်အတိုင်း ခပ်နှေးနှေးသာ
လမ်းလျှောက်နေသော်လည်း၊ မျက်စိတမှိတ် အ
တွင်းမှာပင် သင်းထောင်၏ မြင်ကွင်းမှ ပျောက်
ကွယ်သွား၏။

သင်းထောင်မှာ အံ့ဩသင့်လွန်းသဖြင့် သူ၏ နှုတ်မှ
'ဟင်'ခနဲ အာမေဍ္ဍိတ်သံပင် ထွက်သွားပြီး၊ ရှန်ဇယ်
ချွမ်းအား ရှာဖွေရန် ရှေ့သို့ လျှင်မြန်စွာ တိုးသွား
လိုက်သော်လည်း၊ အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်
တောင့်တင်းသည့် လူတစ်ယောက်၏ တားဆီးခြင်း
ကို ခံလိုက်ရသည်။ထိုလူသည် သူ၏ ဦးခေါင်းထက်
တွင် ဝါးခမောက်တစ်လုံးကို ခပ်ငိုက်ငိုက် ဆောင်း
ထားပြီး၊ သင်းထောင်၏ ရှေ့တွင် မားမားမတ်မတ်
ရပ်နေသည်။ သင်းထောင်သည် ထိုလူ့ကို မြင်ရုံနှင့်
ပင် ထိုလူဟာ ကိုယ်ခံပညာကျွမ်းကျင်သော လူတစ်
ယောက်ဖြစ်သည်ဆိုသည်ကို တန်း၍သိလိုက်၏။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now