Chapter 60:(အချုပ်အနှောင်)

2.1K 299 72
                                    

[Unicode]
- အချုပ်အနှောင် -

"နွေဦးအစောပိုင်းကို နီးကပ်လာတာနဲ့အမျှ ပြဿနာ
တွေလည်း အများကြီး ပေါ်ပေါက်လာမှာပဲ...ငါတို့
တွေအနေနဲ့ စောနလေးကအပဲ နောင်လာမယ့် အစီ
အစဉ်တွေကို ဆွေးနွေးပြီးခါစပဲ ရှိသေးတယ်...မင်း
သာ အခုပြန်သွားရင်၊ ငါတို့တွေနှစ်ယောက်စလုံး
နောက်တစ်ချိန်ချိန်မှာ အရင်လို ပြန်တွေ့ဖို့ လွယ်ကူ
တော့မှာ မဟုတ်ဘူး...."

ရှောင်းချီရယ်က တည်ငြိမ်စွာ ဆက်ပြောလိုက်၏။

"အဲ့ဒါကြောင့် မင်း ဒီည ဒီမှာပဲ အနားယူလိုက်!"

ရှန်ဇယ်ချွမ်းကား ပြုံးချင်သည့် စိတ်ကို မထိန်ချုပ်
နိုင်တော့ဘဲ၊ သူ၏ နှုတ်ခမ်းများ အထက်သို့ အလို
လို ကွေးညွတ်သွားရပြီး -

"ဒါဆိုရင် သခင်လေးမှာ မတော်တရော် အတွေး
တွေ မရှိဘူးပေါ့!"

ထိုစကားလုံးအား ပီပီသသ ရေရွတ်လိုက်သော ရှန်
ဇယ်ချွမ်း၏ အသံသည် သာယာယစ်မူးဖွယ်ကောင်း
နေလျက်၊ သူ၏ လျှာဖျားထိပ်လေးသည်လည်း
ရှောင်းချီရယ်အား ရမ္မက်များ နိုးကြွလာစေရန် လှုံ့
ဆော်ပေးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်
လို့ နေကာ၊ သူ၏ မျက်ဝန်းများကတစ်ဖန် ရှောင်း
ချီရယ်ထံရှိ တဏှာရာဂလှိုင်းလုံးများအား သိသိ
သာသာ မွှေနှောက်လို့ နေပြီး၊ ထိုစကားကို ပြောနေ
ရင်းမှ လက်သီးဆုပ်ကို ခပ်ဖွဖွ ပြန်ဖြေလိုက်သော
သူ၏ သွယ်လျသော လက်ချောင်းများကပင်လျှင်
ရှောင်းချီရယ်အား ထိန်းထားသော လိုအင်ဆန္ဒကြိုး
များကို တစ်စစီ ဆွဲဖြတ်ပစ်နေလျက်ရှိသည်။

ရွံစရာကောင်းတဲ့ ဒီကောင်ကတော့..!

ရှောင်းချီရယ်ကား ရှန်ဇယ်ချွမ်းအား မမှိတ်မသုန်
စိုက်ကြည့်ကာ၊ သူ့ကိုယ်သူ စိတ်ထဲမှနေ၍ အငြိမ်မ
နေနိုင်ဘဲ တွေးတောလိုက်မိသည်။

အမှန်တကယ် စိတ်ပျက်စရာ ကောင်းပြီး၊ ယုံကြည်
ကိုးစား၍ မရသော လူသည် သူ မဟုတ်၊ ထိုလူကား ရှန်ဇယ်ချွမ်းပင်။

အနှီးရှန်ဇယ်ချွမ်းသည် ရှောင်းချီရယ်၏ ယိုင်နဲ့နဲ့ကန့်
သက်ချက် နယ်နိမိတ်အား အချိန်တိုင်း အဝေးသို့
တွန်းပစ်နေလျက်ရှိပြီး၊ ရိုးသားသလိုလိုနှင့် ကောက်
ကျစ်စဉ်းလဲကာ ရှောင်းချီရယ်၏ သည်းခံနိုင်မှုများ
ကို စော်ကားနေလျက်ရှိသည်မှာ တစ်ဖက်လူ၏နား
နားသို့ ကပ်၍ 'ငါနဲ့အတူ ပျော်ပါးမလား?'ဟု မေး
နေသယောင်ယောင်။ မြေခွေးနှင့်တူသော ဤလူမိုက်
လေး၏ အမြီးသည် သူ၏ အကျင့်အတိုင်း ခြေနှစ်
ချောင်းကြားထဲတွင် ဖွက်ကာ ထားသော်လည်း၊ သူ
၏ မျက်ဝန်းများထဲ၌မူ စနောက်ကျီစယ်ဟန် အ
ပြည့်ဖြင့်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now