[Unicode]
- အမှန်တရားနှင့် မုသား -ပူအိုက်သော နွေရာသီညတာတွင် လေပြေ
လေညှင်းလေးများသည် တသုန်သုန်တိုက်
ခတ်လျက်ရှိပြီး၊ သော်တာလမင်းသည်လည်း
မြစိမ်းရောင်သစ်ပင်တို့၏ ထိပ်ဖျားထက်မှ
ထိန်ထိန်သာလို့ နေ၏။ရှောင်းချီရယ်သည်ကား ရေချိန်ကိုက်နေ
ပြီဖြစ်ရာ ဝိုင်အရှိန်ကြောင့် ချက်ချင်း
ပူအိုက်လာတော့သည်။ သူဟာ စိတ်ဆိုး
မာန်ဆိုး ဖြစ်လာပြီး၊ သူ၏ လမ်းအတိုင်း
တစိုက်မတ်မတ်သွားနေသော ရှန်ဇယ်ချွမ်း
ကို စိုက်ကြည့်ကာ၊ ပြောလိုက်၏ ။"ကျောင်းကျွေ့ဘုရားကျောင်းက အခုချိန်ထိ
လူတွေရဲ့ အလိုဆန္ဒတွေကို သန့်စင်ပေးရုံ
တင်မကဘူး၊ စိတ်ဓာတ်တွေကိုပါ ပြောင်လဲ
သွားအောင် သင်ပေးနိုင်သေးတာပဲ။"ရှန်ဇယ်ချွမ်းက စားပွဲထိုးကို ပြန်လွှက်လိုက်
ပြီးနောက် ဆိုလာခဲ့သည်။"ကျွန်တော်က သည်းခံနိုင်တဲ့နေရာမှာ
အတော်ဆုံးလူလေ။"ရှောင်းချီရယ်ကား စားပွဲထိုးကမ်းလာသော
လက်ဖက်ရည်ကို ယူကာ ပလုပ်ကျင်းလိုက်
သည်။ ထို့နောက် သူဟာ နှုတ်ခမ်းများကို
သုတ်လိုက်ပြီး-"ဘာပဲဖြစ်ဖြစ် မင်းနဲ့ သင့်တော်တဲ့ အလုပ်
ကိုသာ လုပ်စမ်းပါ...မင်းကို ကြည့်ရတာ
'သည်းခံနိုင်တယ်'ဆိုတဲ့ စကားလေးလုံး
ကိုတောင် စာလုံးပေါင်းတတ်တဲ့ပုံမပေါ်ဘူး။""ကျွန်တော်တို့က ပျော်စရာကောင်းအောင်
အလိုက်အထိုက်နေရုံလေးပဲကို...."ရှန်ဇယ်ချွမ်းက သူ၏ လက်များကို အချင်း
ချင်းပွတ်သပ်လျက်၊ သူ့အား ပြုံပြလာ၏။"ဒါပေမဲ့....သခင်လေးကကျ တကယ်
အတည်ယူနေတယ်။"ရှောင်းချီရယ်သည် သူ့အား မကြည့်ချေ။
သူဟာ လက်ကိုင်ပုဝါကို ဗန်းထဲပစ်ထည့်
လိုက်ပြီး၊ ဆို၏။"ပြပွဲက ပြီးသွားပေမဲ့...ဘယ်သူမှတောင်
ယုံမှာမဟုတ်ဘူး...တစ်ချို့လူတွေက အရေး
ပါတဲ့ နေရာတွေမှာ သရုပ်ဆောင်ကြရတာလေ။ အဲ့လိုနေရာမျိုးဆိုတာက ငါနဲ့ လုံးဝအံကိုက်
ဖြစ်နေတော့....ဘယ်လိုလဲ? ပွဲ့ကြည့်ရတာ ကောင်းတယ်မို့လား?"
YOU ARE READING
"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」
Historical FictionTitle - Qiang Jin Jiu 「将进酒」 Author - Tang Jiuqing 「t97」 Status In COO - 282「Completed」 Completely Translated - Not Yet 「Ongoing」 ✓Both Zawgyi & Unicode . ^Abstract^ "ကံကြမ္မာက ငါ့တစ်ဘဝလုံးကို ဒီမှာပဲ ခ...