[Unicode]
- ကောင်းမှု၊ မကောင်းမှုအား အကဲဖြတ်ခြင်း -လီကျန့်ဟန်သည် ရက်အတန်ကြာသည်အထိ သတိ
လစ်မေ့မျောနေခဲ့ပြီး၊ ထိုသို့သတိလစ်မေ့မျောနေစဉ်
၌ သူဟာ အိမ်မက်ဆိုးများနှင့်ကယောင်ကယမ်းဖြစ်
လို့နေကာ၊ မည်သူမှနားမလည်သော စကားလုံးတစ်
ချို့ကိုလည်း ဗလုံးဗထွေးရေရွတ်နေခဲ့သည်။အကျိုး
ဆက်အနေဖြင့် ထိုကာလတစ်လျောက်လုံး မုရူသည်
လီကျန့်ဟန်၏ ကုတင်ဘေးတွင် အမြဲတစေ ရှိနေခဲ့
ပြီး၊ အနှီးလူအား သူမကိုယ်တိုင် ဆေးတိုက်ကျွေးခဲ့
ကာ၊ ကိုယ်လက်လည်း သန့်စင်ပေးခဲ့ချေ၏။မယ်တော်ကြီးသည်ကား ယနေ့၌ သူမ၏ တော်ဝင်
ဝေါယာဉ်ကို စီးနင်းခြင်းမပြုတော့ဘဲ၊ ရာသီဥတုသာ
ယာသည်ကို အကြောင်းပြု၍ တတိယသခင်မလေး
ဟွားနှင့်အတူ အေးအေးလူလူလမ်းလျှောက်၍ လာ
ခဲ့သည်။ သူမက ညှင်သာစွာ ပြော၏။"မိန်းကလေး မုက ဧကရာဇ်ရဲ့ ဘေးနားမှာ နေပြီး ၊
ဧကရာဇ်ကို ကြည့်ရှုစောင့်ရှောက်နေတာလား?"လျှိုရှန်းကူးကူသည် မယ်တော်ကြီးကို ကူထိန်းပေး
နေလျက်မှ ပြန်လည်ဖြေကြားလိုက်သည်။"ဟုတ်ပါတယ် မယ်မယ်ဘုရား! သူမက တစ်ချိန်လုံး
အရှင်မင်းမြတ်အနားကနေ ဘယ်တော့မှ ခွာတယ်လို့
ကို မရှိပါဘူး""သူမရဲ့ ဒီအပြုအမူအတိုင်းသာ ဆိုရင်၊ သူမအပေါ်
မှာထားတဲ့ အရှင်မင်းမြတ်ရဲ့ ချစ်ခြင်းမေတ္တာက အ
ရင်ကထက် ဆယ်ပုံ,ပုံ ခြောက်ပုံလောက်တိုးလာမှာ
တော့ သေချာနေပြီ!"မယ်တော်ကြီးသည် ဟွားရှန်းယီးထံသို့ အဓိပ္ပာယ်ပါ
သော အကြည့်တစ်ချက်ပို့ကာ ဆက်ပြောပြန်သည်။"သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တစ်ယောက်နဲ့ တစ်ယောက် ဒုက္ခ၊ သုခတွေကို အေးအတူပူအမျှ မျှ
ဝေခံစားတာထက်တောင် ပိုပြီး အကျိုးကျေးဇူး ဖြစ်
ထွန်းသေးတယ်...""မိန်းကလေး မုက နူးညံ့ပြီး၊ လှပတယ်နော် ကူးမူ!"
[T/N: ကူးမူ = အဒေါ် (ဒီအခေါ်အဝေါ် လေးကို
မှတ်မိသေးတယ်ဟုတ်? တတိယသခင်မလေး ဟွား
က မယ်တော်ကြီးရဲ့ တူမတော်ပါ) ]
ВИ ЧИТАЄТЕ
"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」
Історичні романиTitle - Qiang Jin Jiu 「将进酒」 Author - Tang Jiuqing 「t97」 Status In COO - 282「Completed」 Completely Translated - Not Yet 「Ongoing」 ✓Both Zawgyi & Unicode . ^Abstract^ "ကံကြမ္မာက ငါ့တစ်ဘဝလုံးကို ဒီမှာပဲ ခ...