Chapter 15:(တေးသီငှက်)

1.8K 351 27
                                    

[Unicode]
       - တေးသီငှက် -

နောက်တစ်နေ့သည် ရှန်ဇယ်ချွမ်း အလုပ်လက်ခံရန် တော်ဝင်ကိုယ်ရံတော်တပ်ဆီသို့ သွားရသည့်နေ့
ဖြစ်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့သည်
ရှီးကုအန်း၏ ညီတော်ရှီးဟုန်ရွှမ်း စားသောက်ပွဲ
ကျင်းပသည့်နေ ဖြစ်လို့နေသည်။သူဟာ ချွိတူးရှိ
တက်သစ်စ စာပေပညာရှင်များနှင့် အထုံပါရမီ
ထူးကဲသူများကို ချောင်တုန်းစားသောင်ဆိုင်တွင် စကားလက်ဆုံပြောရန် ဖိတ်ကြားထားပြီး ဖြစ်
သည်။

ရှီးဟုန်ရွှမ်းသည်ကား အလွန်းဝသော အမျိုးသား
တစ်ယောက်ပင်။သူ ထိုင်လိုက်သောအခါတွင် ဘေးမှ လူတစ်ယောက်က ဂရုတစိုက်နှင့် ယပ်ခပ်ပေးရမြဲ
ဖြစ်သည်။ သူက ဝါးယပ်တောင်ကို ကိုင်ထားရင်း
ပြောလာ၏။

"ဒီနှစ်ကတော့ ငါ့အတွက် တကယ်ကို ကံကောင်းတဲ့
နှစ်ပဲ။ယန်ချင်း*ကို မဖိတ်ခေါ်နိုင်ခဲ့ပေမဲ့၊ ယွမ်ကျွော်
ကို ဖိတ်ခေါ်ဖို့‌တော့ စီစဉ်လိုက်နိုင်တယ်။"

[T/N:ယန်ချင်း = ရွှယ်းရှိုးကျွော်၏ လောကသိ
အမည်။ ]

ရွှယ်းရှိုးကျွော်သည် ရုံးအလုပ်များကို ဂရုတစိုက်
လုပ်ဆောင်နေရသဖြင့်၊ ယနေ့လို ပွဲမျိုးကို မတက်
ရောက်နိုင်ပါချေ။ ရှီးဟုန်ရွှမ်း အစောက ဆိုလိုက်
သော ယွမ်ကျွော်ဆိုသူမှာ လက်ရှိအမတ်ကြီး
ဟိုင်လျှန်ယီ၏ ချစ်လှစွာသော တပည့်__‌
ယောင်ဝမ်းယွိပင်ဖြစ်သည်။ ဤလူသားသုံးယောက်
ဟာဖြင့် ချွိတူး၏ မျိုးနွယ်ကြီးရှစ်ခုမှ ဆင်းသက်
လာကြသည့်အတွက် တစ်ယောက်ကိုတစ်ယောက်
ယခုကဲ့သို့ ရင်းရင်းနှီးနှီးခေါ်ဝေါ်သုံးစွဲနိုင်ကြပြီး၊
ခင်မင်ရင်းနှီးမှုမှာလည်း ငယ်စဉ်ကတည်းက ခိုင်မာ
နေပြီးသားဖြစ်သည်။

ထိုခဏ၌ ပုသီးစေ့ကန့်လန့်ကာဟာ မ,တင်ခံလိုက်
ရပြီး၊ ကျောက်စိမ်းသမျှ နူးညံ့ပြီး သန့်စင်လှသည့် ရည်မွန်ကြော့ရှင်းသောစာပေပညာရှင်တစ်ယောက်
ဝင်လာတော့သည်။ ထိုလူဟာ ကော်လံစောင်းပြီး လက်ဝကျယ်သည့် နက်ပြာရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားကာ သူ၏ ခါးတွင် ကျောင်းဝမ်*အိတ်
ရှုံ့လေးတစ်လုံးကို ချိတ်ဆွဲထားလေ၏။ထိုစကားကို ကြားသောအခါ သူက ရေးရေးမျှပြုံးလိုက်သည်။
စားသောက်ပွဲရှိ ကွန်ဖြူးရှပ်စာပေပညာရှင်*အသီး
သီးတို့ထံမှလည်း ကြိုဆိုသံများ ထွက်ပေါ်လာပြီး၊
အချင်းချင်း နှုတ်ဆက်စကားနှီး‌နှောဖလှယ်သံတို့မှာ တဒင်္ဂကြာအောင် ပေါ်ထွက်နေတော့သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now