Chapter 75:(ညချမ်းအခါ၌ မြင်းစီးထွက်ရာဝယ်)

2.1K 247 76
                                    

[Unicode]
- ညချမ်းအခါ၌ မြင်းစီးထွက်ရာဝယ် -

ယွီရှောင်ဇိုက်သည် သူ၏ ဝတ်ရုံအစွန်းကို မ,၍ ဆောင့်ကြောင့်ထိုင်ကာ၊ အောက်သို့ ကျသွားသော ကတ်ကို ကောက်ယူမည်အပြုတွင် ရှောင်းချီရယ်သည် သူ၏ လက်ထဲမှ ဝိုင်ခွက်အား မတော်တဆ မှောက်ကျသွားဟန် ဖန်တီးလိုက်သည်။ ရှောင်းချီရယ်နှင့် အနီးဆုံးတွင် ရှိနေသော ဟန်ချန်၏ ဝတ်ရုံမှာ ဝိုင်များဖြင့် ပေကျံသွားခဲ့ပြီး၊ ထိုအဖြစ်အပျက်ကို မြင်သွားခဲ့သော ယွီရှောင်ဇိုက်မှာ ကတ်များကို လျစ်လျူရှုလိုက်ကာ၊ ဟန်ချန်အတွက် သန့်ရှင်းရေးလုပ်ရန် လက်ကိုင်ပုဝါတစ်ထည်ကို အပြေးအလွှား သွားယူပေးလိုက်သည်။ ရှောင်းချီရယ်၏ အခြားတစ်ဖက်တွင် ရှိနေသည့် ချန်ယွိကမူ သူ၏ မျက်လုံးများကို မှေးစင်း၍ ကတ်များကို တစိုက်မတ်မတ် ကြည့်နေသည့် အခိုက်၊ ဝိုင်များ ဖိတ်ကျလာသည်ကို မြင်လိုက်ရသောကြောင့်၊ ဘေးသို့ အလျင်စလို ရှောင်တိမ်းလိုက်ရာ၊ သူ၏ ပုံစံမှာ ရယ်စရာကောင်းသွားသည့်အလား၊ ခုန်ကျိုးဟာ ထ၍ တဟားဟား ရယ်လေတော့သည်။

ဟန်ချန်က ဝိုင်များပေကျံသွားသော သူ၏ ဝတ်ရုံကို ခါ၍ ရှောင်းချီရယ်အား ပြောလိုက်သည်။

"အမတ်မင်း, အသင်ကတော့ ဝိုင်သောက်တာ များသွားပြီ ထင်ပါ့ဗျာ... လက်ထဲမှာ ကိုင်ထားတဲ့ ဝိုင်ခွက်ကို‌တောင် မြဲအောင် မကိုင်နိုင်တော့ဘူး..."

ရှောင်းချီရယ်သည် သူ၏ လက်တစ်ဖက်ကို မြှောက်ကာ တောင်းပန်ကြောင်း ပြသလိုက်ပြီး -

"ကျုပ် အားလုံးကို တောင်းပန်ပါတယ်... လျော်ကြေးပေးတဲ့ အနေနဲ့ မနက်ဖြန်ကျရင် ကျုပ် တစ်ယောက်ယောက်ကို လွှတ်ပြီး လူကြီးမင်းတို့ထံ ဝတ်စုံတစ်စုံစီ ပို့ခိုင်းလိုက်ပါ့မယ်.."

"မဟုတ်တာဗျာ.... ဒီဝတ်ရုံတစ်စုံက ဘယ်လောက် ထိုက်တန်တာမှ မဟုတ်တာ... အမတ်မင်းအနေနဲ့ အဲ့ဒီလို လုပ်စရာ မလိုပါဘူး..."

ဟန်ချန်သည် ရှောင်းချီရယ်အား မည်သို့သော မျက်နှာမျိုးနှင့် လျော်ကြေးတောင်းရဲပါမည်နည်း။ ထို့ထက် သူသည် ရှောင်းချီရယ်အား ပို၍ပင် မထီမဲ့မြင် မပြုရဲရာ၊ ပြုံး၍သာ ပြောလိုက်သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Donde viven las historias. Descúbrelo ahora