Chapter 64:(အဆက်မပြတ် ရွာသွန်းသော မိုး)

1.1K 232 33
                                    

[Unicode]
     - အဆက်မပြတ် ရွာသွန်းသော မိုး -

အပေါ်ခြုံထည်သည် အလွန်ကြီးလွန်းသဖြင့်၊ ၎င်း
ဟာ ရှန်ဇယ်ချွမ်း၏ ပခုံးပေါ်မှ အောက်သို့တဖြည်း
ဖြည်း လျောကျလာပြီး၊ ရှန်ဇယ်ချွမ်းသည်လည်း
၎င်းအား သူ၏ လက်ထဲတွင် ဖမ်းဆုပ်ထားလိုက်၏
။ ခြုံလွှာ၏ အနွေးဓာတ်သည် ရှန်ဇယ်ချွမ်း၏ ခန္ဓာ
ကိုယ်တစ်ခုလုံးဆီသို့ တစ်စထက်တစ်စ သာ၍ ပျံ့နှံ့
သွားနေလျက်၊ အဆုံး၌ ရေစိုနေသော ရှန်ဇယ်ချွမ်း
၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရှောင်းချီရယ်၏ကိုယ်
သင်းရနံ့တို့ဖြင့် သင်းပျံ့ထုံသင်းသွားတော့သည်။

ရှန်ဇယ်ချွမ်းသည် သူ၏ လက်ကိုင်ပုဝါကို နောက်
တစ်ဖန် ထပ်၍ ဆွဲထုတ်လိုက်ပြီး၊ ရှောင်းချီရယ်ပွတ်
သပ်သွားခဲ့သော သူ၏ ပါးပြင်အား သုတ်လိုက်သည်
။ ထို့နောက် သူသည် ဤဆူညံကာ မှောင်မိုက်နေ
သော မိုးသည်းညကို နောက်ခံပြု၍ ကူကယ်ရာမဲ့စွာ
ဖြင့် ထိုလက်ကိုင်ပုဝါအား တရှိုက်မက်မက် နမ်းရှိုက်
လိုက်သည်။

၎င်းက ရှောင်းချီရယ်၏ ကိုယ်သင်းရနံ့ပင်။

ရှန်ဇယ်ချွမ်းကား တဒင်္ဂမျှ မျက်လွှာချလျက်၊ လက်
ကိုင်ပုဝါအား သူ၏ နှာဖျားထိပ်လေးနှင့်တို့ထိ၍ တ ရှုံ့ရှုံ့နမ်းရှိုက်လိုက်သည့်အခိုက်၊ မူလက သူ၏ မျက်
ဝန်းထဲတွင် ဖြစ်ပေါ်နေခဲ့သော နာကျင်မှုနှင့် တွန့်ချိုး
နေခဲ့သော မျက်ခုံးများမှာ အလိုလိုပြေကျသွားတော့
သည်။

ထမင်းဘူး၏ အပေါ်ထပ်၌ ပျားရည်ဆမ်းမုန့်များ
က နေရာယူထားနှင့်ပြီး၊ အောက်ထပ်၌မူ ကျိုချက်
ထားသော ဆေးရည်များက တစ်ဖန် နေရာယူထား
ပြန်လျက်။ ထမင်းဘူး၏အဖုံးကို ဖွင့်လိုက်သည့် အ
ချိန်တွင် အငွေ့များ တထောင်းထောင်းထလို့နေခဲ့၏
။ အမှန်တကယ်၌ ဤကဲ့သို့စိုးစွတ်ပြီး မှောင်မိုက်နေ
သော ညတာမျိုးတွင် မိမိထံသို့ ပူပူနွေးနွေးအစားအ
စာ,တစ်ချို့ကို အချိန်မီပို့ပေးရန်ဆိုသည်မှာ လွယ်ကူ
သော အလုပ်တစ်ခု မဟုတ်ချေ။ ရှောင်းချီရယ်သည်
ပင်လျှင် ဤနေရာသို့ ရောက်အောင် အရူးတစ်
ယောက်ကဲ့သို့ ပြေးလွှားကာ ပို့ပေးခဲ့ရသည် မဟုတ်
ပါလော။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now