Chapter 86:(စံအိမ်ဟောင်း)

1.9K 146 20
                                    

[Unicode]
               - စံအိမ်‌ဟောင်း -

ဟွားရှန်းယီးနှင့် ချီးရှစ်ယွီတို့၏ မင်္ဂလာပွဲသည်ကား စတုတ္ထမြောက်လ၏ မန်ကျုံ့အကြိုနေ့*တွင် ကျင်းပမည်ဟု အချိန်သတ်မှတ်ထားပြီးပြီဖြစ်ရာ၊ ယဉ်ကျေးမှုထိန်းသိမ်းရေးဌာနသည်လည်း စနစ်တကျရေးဆွဲထားသော အစီအစဉ်များကို မယ်တော်ကြီးထံသို့ တင်ပြပြီးသွားပြီ ဖြစ်သည်။ တော်ဝင်နန်းတော်အတွင်းရှိ နန်းတွင်းရေးရာကိစ္စများမှာ ရှုပ်ထွေးပွေလီလွန်းလှသဖြင့်၊ ယခုကဲ့သို့ အဓိက ပွဲတော်များနှင့် ကြုံကြိုက်လာသည့်အခါမျိုးတွင် ‌ခေါင်းကြီးပိုင်းအစိုးရဌာနများမှ မင်းမှုထမ်းများပင်လျှင် ဝင်ရောက်အမှုမထမ်း၍ မရပါချေ။

[T/N: မန်ကျုံ့ (芒种) ~ 24 solar terms ထဲက 9 ခုမြောက်ပါ၊ သီးနှံစိုက်ပျိုးရာသီရဲ့ နောက်ဆုံးကာလ၊ နောက်ဆုံးထွန်ယက်စိုက်ပျိုးချိန်လို့ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်...]

ဖူမန်မှာ ကနဦးအစတုန်းက သူ့ကိုယ်သူ အခမ်းအနားဦးစီးဌာန၏ ချိပ်တံဆိပ်ကိုင်စီရင်ရေးမှုးရာထူးအတွက် အသင့်လျော်ဆုံး ကိုယ်စားလှယ်တစ်ယောက်ဟု ထင်ထားခဲ့လေ၏။ အကြောင်းမှာ သူ့ထံတွင် နယ့်ရှူးထျန်သင်တန်းမှ မရေမတွက်နိုင်သည့် အတွေ့အကြုံများ စွာရှိနေပြီး၊ မင်လီခန်းမ,အပါအဝင် အတွင်းဝန်ရုံးရှိ အမှုကိစ္စရပ်များကို တာဝန်ယူဖြေရှင်းပေးခဲ့ဖူးသည့် ကောင်းမွန်သော အရည်အချင်းများလည်း ရှိနေသောကြောင့်ပင် ဖြစ်ကာ၊ သူ့အား အာမခံချက်ကောင်းကောင်းပေးနိုင်သည့် ရှောင်းချီရယ်လည်း ရှိနေသေးသောကြောင့်ပင် ဖြစ်သည်။ သို့ဖြစ်ရာ သူသည် တာဝန်ထမ်းဆောင်နေစဉ် ဤရက်များအတောအတွင်း စကားအပြောအဆိုမှစ၍ အလုပ်အကိုင်မှအဆုံး အစစအရာရာ သတိကပ်ကာ ပြုမူနေထိုင်နေခဲ့ပေ၏။

[T/N: နယ့်ရှူးထျန်သင်တန်း (内书堂) ~ နန်းတော်ထဲမှာ ဖွင့်လှစ်ထားတဲ့ မိန်းမစိုးသင်တန်းပါပဲ၊ အဲ့ဒီသင်တန်းမှာ မိန်းမစိုးငယ်‌လေးတွေကို စာပေတက်မြောက်အောင် သင်ကြားပေးတာပါ၊ ဟိုတုန်းက မိုးမစိုးတွေကို ရေးတတ်ဖတ်တတ်ဖို့ တားမြစ်ထားတဲ့ ရှေးခေတ်ဥပဒေတွေကိုတော့ ဒါက ချွင်းချက်လုပ်ထားပါတယ်... ]

Você leu todos os capítulos publicados.

⏰ Última atualização: May 19, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Onde histórias criam vida. Descubra agora