Chapter 83:(နွေဦးရှုမျှော်ခင်း)

871 132 28
                                    

[Unicode]
              - နွေဦးရှုမျှော်ခင်း -

ကောင်းကင်ယံမှ သောတာလမင်းသည်ကား ဖြူလွှလွှ၊ ၎င်းအား မှိုင်းပျပျ အနက်ရောင်တိမ်တိုက်များက ဖုံးအုပ်ထားကြပုံမှာ ညဉ်းယံ၌ ခြောက်ခြားစရာ မကောင်းဆိုးဝါးဆန်ဆန် ပုံရိပ်များကို ပို၍ပင် ထင်သာမြင်သာဖြစ်လာစေလျက်။ ဓားအိမ်မှ ဓားကို ထုတ်လိုက်သော အသံများမှာလည်း လေထုထဲ၌ ပိုးထည်စတို့ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်သည့်နှယ်။ အန္တရာယ်အငွေ့အသက်တို့အား ပို၍ပင် တိုးလာစေပေ၏။ ဤအချိန်၌ ခန်းမကြီးထဲတွင် ဝါးယပ်တောင်အား ခပ်ဖွဖွခေါက်သံ သုံးချက်ထွက်လို့လာသည်။ ရှန်ဇယ်ချွမ်းလည်း ဝိုင်အိုးကို ကိုင်လျက်၊ သူ့ကိုယ်သူအတွက် နောက်ထပ်ဝိုင်တစ်ခွက် ထပ်၍ လောင်းငှဲ့လိုက်ပြီး ရှီးဟုန်ရွှမ်းအား တည်ငြိမ်စွာ ဆိုလိုက်၏။

"သခင်လေးပြောတာ မှန်ပါတယ်!"

ရှန်ဇယ်ချွမ်းသည် ဝိုင်ခွက်ကို ကောက်ကိုင်လိုက်ပြီး၊ ဆက်၍ ပြောလိုက်သည်။

"ကျွန်တော်တို့တွေမှာ ဒီညအပြတ်ရှင်းရမယ့် ကိစ္စတွေအများကြီး ရှိနေတာပဲ!"

ရှီးဟုန်ရွှမ်းသည် သူ၏ လက်ကို အောက်သို့ ပြန်ချလိုက်ပြီး၊ ခန်းမထဲတွင် ပြည့်လျှံနေသော လူအုပ်ကြီးအား လျစ်လျူရှုလျက်၊ ရှန်ဇယ်ချွမ်းအား အေးစက်စက် ကြည့်လိုက်လေ၏။

"မင်းသာ ငါတို့ရဲ့ အရင်တုန်းက သဘောတူညီမှုကို နာနာခံခံနဲ့ လိုက်လျောလိုက်မယ်ဆိုရင်၊ မင်းကို ဉာဏ်ကောင်းတဲ့ လူတစ်ယောက်လို့ ငါ ချီးမွှမ်းမိမှာ အမှန်ပဲ! ဒါဆိုရင် မင်းလည်း များများစားစား သိပ်ပြီး နာကျင်ရမှာမဟုတ်ဘူး!"

ရှန်ဇယ်ချွမ်းသည် ရုတ်တရက် သဘောတကျ ပြုံးလိုက်ပြီး၊ တည်ငြိမ်စွာ ဆိုလာခဲ့သည်။

"ချွိတူးမြို့တော်ကို သခင်လေး စရောက်တဲ့ အချိန်တုန်းကဆိုရင်၊ သခင်လေးက ရှေ့မှာ ပျံ့နှံ့နေတဲ့ မီးတောက်မီးလျှံတွေ၊ အန္တရာယ်တွေကို သတိမထားမိတဲ့ ဖျော်ဖြေရေးရုံက အကျဉ်းကျနေတဲ့ ငှက်လေးတစ်ကောင်သာသာရယ်ပါ.... သခင်လေးက ကံအဆိုးဆုံးလူတစ်ယောက်လို့ ပြောလို့ရသလို၊ ကံကောင်းတဲ့ လူတစ်ယောက်လို့လည်း ပြောလို့ ရသားပဲ.. ဟိုတုန်းကဆို၊ သခင်လေးရဲ့ ဘဝမှာ တိုက်ခိုက်ရမယ့် အခွင့်အရေးတစ်ခုခုနဲ့ ကြုံကြိုက်လာတဲ့ အချိန်တိုင်း၊ သခင်လေးက ဘဝရဲ့ လှိုင်းတံပိုးတွေကို ရဲရဲဝဲ့ဝဲ့ တိုက်ခိုက်ခဲ့တာမလား? အဲ့ဒီအတွက် ကျွန်တော် သခင်လေးကို ဂုဏ်ပြုပါတယ်ဗျာ...!"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now