Chapter 79:(သဲလွန်စများ)

989 181 20
                                    

[Unicode]
- သဲလွန်စများ -

ခိုင်လျစ်မြစ်ကမ်းတစ်လျောက် လူတစ်ယောက်နှင့် တစ်ယောက် စကားပြောသံများသည် ဆူဆူညံနေလျက်။ ရွှယ်းရှိုးယိသည် ညောင်စောင်းပေါ်တွင် ခြေချင်းချိတ်ကာ ထိုင်နေပြီး၊ မြေပဲအခွံနွှာရင်း ဝိုင်ကို ဇိမ်နှင့် သောက်သုံးလို့ နေ၏။ ထိုအခိုက် ရှောင်းချီရယ်သည် အခန်းထဲသို့ ရုတ်တရက် ဝင်လာခဲ့ရာ၊ ရွှယ်းရှိုးယိမှာ သူ၏ ဝတ်ရုံကို သပ်သပ်ရပ်ရပ် ဖြစ်သွားအောင် လျင်မြန်စွာ ပြုပြင်လိုက်ပြီး၊ ညောင်စောင်းပေါ်မှ ဆင်းကာ ရှောင်းချီရယ်အား ဂါဝရပြုလိုက်လေ၏။

ရှောင်းချီရယ်သည် ရွှယ်းရှိုးယိ၏ မျက်နှာချင်းဆိုင်တည့်တည့်တွင် တည်ငြိမ်စွာ ဝင်ထိုင်လိုက်သော်လည်း၊ သူသည် မည်သည့်စကားမှတော့ စတင်၍ မ‌ဆိုသေးချေ။ တစ်ဖက်မှ ရွှယ်းရှိုးယိမှာ သူတို့အတွက် ဝိုင်ခွက်များကို ဝိုင်အပြည့်ဖြည့်ပေးနေသော ချန်ယန်ကို ကြည့်၍ ရှောင်းချီရယ်၏ ဧည့်ဝတ်ကျေပွန်မှုကို အားတုံ့အားနာ ဖြစ်လာပြီး၊ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် သူ၏ လက်ကို ပေါင်ပေါ်တွင် တင်ထားလျက်၊ ပေါင်ပေါ်ရှိ ဝတ်ရုံစအား အကြောင်းမဲ့သက်သက် ပွတ်သပ်နေမိသည်။ သူက နှုတ်မှလည်း အငြိမ်မနေနိုင်ဘဲ တတွတ်တွတ် ပြောလိုက်၏။

"... ဒီလောက်ဆိုရင် လုံလောက်ပါပြီ, အမတ်မင်းခဗျာ... ဝိုင်အများကြီးသောက်တာက ကျန်းမာရေးအတွက် မကောင်းနိုင်ပါဘူး..."

ရှောင်းချီရယ်သည် ဝိုင်ခွက်ကို ကိုင်လျက်၊ သဘောတကျ ပြုံးကာ ပြောလိုက်သည်။

"ပထမ သခင်လေးက တကယ့်ကို စေ့စပ်တိကျတာပဲ! ကြည့်ရတာ စံအိမ်မှာလည်း ကျန်းမာရေးလိုက်စားတယ်ထင်တယ်....?"

ရွှယ်းရှိုးယိသည် ရှက်ပြုံးပြုံးလိုက်ပြီး-

"...ဟဲဟဲ....နည်းနည်းပါးပါးပါခင်ဗျာ.."

ရွှယ်းရှိုးယိသည် ရှောင်းချီရယ်ထံမှ ခွင့်ပြုချက်မရဘဲ မထိုင်ရဲချေ။ သူသည် မူလကတည်းက သေးသွယ်ပြီး၊ အရပ်လည်း ပုသူ ဖြစ်ရာ၊ သူ့အနေဖြင့် သူ၏ ခန္ဓာကိုယ်ကို ကိုင်း၍ ရှောင်းချီရယ်အား ဦးညွှတ်လိုက်သောအခါ သူ၏ ပုံသဏ္ဍာန်မှာ ပို၍ပင် နိမ့်ချသည့် သဏ္ဍာန် ပေါက်လို့ နေသေးသည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Donde viven las historias. Descúbrelo ahora