[Unicode]
- နှစ်သစ်အခါသမယ -
ရှန်ဇယ်ချွမ်း၏ လက်ထိပ်နှင့် သံခြေချင်းများ
မှာ ဖယ်ရှားပစ်လိုက်ပြီး ဖြစ်သည်။ သူဟာ လက်ကောက်ဝတ်တို့ကို လှုပ်ရှားနေရင်း
တပ်စုမှူး၏ မကျေမနပ်ညည်းညူသံများကို နားစွန့်နေမိသည်။ ကျိကန်းကမူ တစ်ဘီးတပ် လက်တွန်းလှည်းအား တွန်းလာခဲ့ပြီး၊ အစောင့်
စစ်သည်တို့အတွက် ဝိုင်များနေရာချပေးခြင်း
အလုပ်ကို လျှင်မြန်စွာ ပြီးဆုံးအောင် လုပ်လိုက်
သည်။ သူ၏ ဦးခေါင်းထက်တွင် ချည်ကြမ်းထည်
ကို ရစ်ပတ်ကာ၊ သူတို့ဆီသို့ လှည့်လိုက်သည်။တပ်စုမှူးသည် ကျိကန်းအား နွေဦးမတိုင်ခင်
ကျောင်းဝင်းတစ်ခုလုံး အပြီးရှင်းရန်
ညွှန့်ကြားလိုက်နောက် အပြင်သို့ ပြန်ထွက်
ကာ၊ တာဝန်ကျ တပ်သားငယ်အား ညက
မတော်တဆမှုနှင့် ပတ်သတ်ပြီး အပြင်သို့
မပေါက်ကြားစေရန် အမိန့်ပေးလိုက်သည်။"မင်း ထိခိုက်သွားသေးလား?"
ကျိကန်းက ရှန်ဇယ်ချွမ်း၏ လက်ကို ဆွဲယူ
လိုက်သည်။"ဟင့်အင်။"
ရှန်ဇယ်ချွမ်းဟာ လက်ကိုမြှောက်ကာ
ရှောင်းချီရယ်ချန်ထားခဲ့သော လည်တိုင်ရှိ ဖျစ်ညှစ်ရာအမှတ်များကို ချေဖျက်ပစ်လိုက်
သည်။ သူက ခေါ်လိုက်သည်။"ရှစ်ဖူး!"
ကျိကန်းက အမေးစကားပြုလာ၏။
"ဘယ်နေရာက နာနေတာတုန်း?"
ရှန်ဇယ်ချွမ်းသည် ခေါင်းကို တွင်တွင်ခါယမ်း
ပါ၏။ သူဟာ အတန်ကြာအောင် ထိုအဖြစ်
အပျက်ကို ပြန်လည်တွေးတောပြီးနောက်
ဆိုလိုက်သည်။"သူ့ရဲ့ သိုင်းပညာက ရက်စက်ပြီး ကြမ်းကြုတ်
လွန်းတယ်....ပြီးတော့ သူ့ရဲ့ လက်သီးနဲ့ကန်ချက်
တွေကလည်း အားကောင်းလွန်းတယ်။ပြောရရင်
အဲ့ဒါတွေက ကျွန်တော်နဲ့ ရင်းနှီးနေသလိုပဲ။"ကျိကန်း၏ မီးသင့်ပြီး ရုပ်ပျက်ဆင်ပျက်
ဖြစ်နေသော မျက်နှာသည် အလွန်အံ့အား
သင့်သွားပုံ ပေါ်၏။ သူက ဆိုသည်။"ငါတို့တွေ မျိုးနွယ်စုတိုက်ခိုက်နည်းပညာ
တွေကို ဘယ်တုန်းကမှ အပြင်လူဆီ မျှဝေ
မပေးခဲ့ဖူးပါဘူး။"
YOU ARE READING
"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」
Historical FictionTitle - Qiang Jin Jiu 「将进酒」 Author - Tang Jiuqing 「t97」 Status In COO - 282「Completed」 Completely Translated - Not Yet 「Ongoing」 ✓Both Zawgyi & Unicode . ^Abstract^ "ကံကြမ္မာက ငါ့တစ်ဘဝလုံးကို ဒီမှာပဲ ခ...