Chapter 62:(နောက်ခံမိသားစုအသိုင်းအဝိုင်း)

1.1K 228 22
                                    

[Unicode]
- နောက်ခံမိသားစုအသိုင်းအဝိုင်း -

လီကျန့်ဟန်သည် သူ၏ မွေးမိခင်အကြောင်းအား
အခြားမည်သူ့ကိုမှ ထုတ်ဖော်မပြောပြခဲ့ဖူးချေ။ အ
ကြောင်းမှာ ၎င်းဟာ သူ၏ အားနည်းချက်တစ်ခုပင်
ဖြစ်ပြီး၊ သူ၏ မိခင်သည် တော်ဝင်ကိုယ်လုပ်တော်
ဘွဲ့ပင် မရရှိထားသော ယွဲ့မျိုးနွယ်မှ သာမန်နန်းတွင်း
သူတစ်ယောက် ဖြစ်သောကြောင့်သာ ဖြစ်သည်။
တရားဝင်မှတ်တမ်းများ၌ သူမ၏ မျိုးရိုးအမည်ကို
ယွဲ့ဟုသာ သာမန်ကာ၊ လျှံကာ မှတ်တမ်းတင်ထား
ခြင်းသည် သူမအား မည်သူမည်ဝါဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြနေလျက် ရှိ၏။

လီကျန့်ဟန် မွေးကင်းစအရွယ်တုန်းက ဧကရာဇ်ရှန်
ဒယ်၏ မွေးမိခင် သခင်မလုသည် လီကျန့်ဟန်အား
နန်းတော်သို့ ခေါ်ယူမွေးစားခဲ့သော်လည်း၊ သူမဟာ
လီကျန့်ဟန်နှင့်ပတ်သတ်ပြီး အစားအသောက်နှင့် အ
ဝတ်အစားမှအပ ကျန်သည့် အရာများကို ဂရုစိုက်မ
ပေးခဲ့ချေ။ သို့ဖြစ်၍ ပို၍မြင်သာအောင် ပြောရလျှင် ယနေ့အခါ၌ လီကျန့်ဟန်အနေဖြင့် ဉာဏ်ပညာနည်း
ရခြင်းအကြောင်းတရားများသည် သူ ပညာသင်ယူ
ချိန် အရွယ်ရောက်စဉ်၌ မည်သူမှ သူ့အား ကောင်း
ကောင်းမွန်မွန် ဂရုစိုက်မပေး၊ သတိရမပေးခဲ့သော
ကြောင့်ပင်ဖြစ်ပြီး၊ အကျိုးဆက်အနေဖြင့် လီကျန့်
ဟန်သည် သူ၏ အချိန်အားလုံးကို မိန်းမစိုးများနှင့် ဆော့ကစားခြင်းအားဖြင့် ကုန်ဆုံးခဲ့သည်က များခဲ့
၏။

လီကျန့်ဟန်ထံ၌ တော်ဝင်ကိုက်လုပ်တော်ဘွဲ့ ရရှိ
ထားသည့် မိခင်တစ်ယောက်မရှိခဲ့ပေ။ သူ့ထံ၌ နို့
ထိန်းသည်တစ်ယောက်သာလျှင် ရှိခဲ့၏။

ထိုနို့ထိန်းသည် ဧကရာဇ်ရှန်ဇယ်အား ခစားရသည့်
ကိုယ်ရေးကိုယ်တာ မိန်းမစိုး၏ ချစ်သူတစ်ယောက်
ဖြစ်ပြီး၊ သူမသည် အလွန်မောက်မာရိုင်းစိုင်းကာ
လီကျန့်ဟန်အား ရိုင်းရိုင်းစိုင်းစိုင် ဆက်ဆံလေ့ရှိ
သည်။ သူမဟာ လှပပြီး၊ ကြည့်ကောင်းသော အ
ဝတ်အစားများကို လီကျန့်ဟန်အား နေ့စဉ်နေ့တိုင်း ဝတ်ဆင်ပေးတတ်သော်လည်း၊ လီကျန့်ဟန်မှာ ည
တိုင်းနီးပါး ဆာလောင်စွာဖြင့် အိပ်စက်ခဲ့ရ၏။ သို့
ဖြစ်၍ သူသည် ထိုအကြောင်းကို ဧကရာဇ်ရှန်ဒယ်
အား ပြောပြသောအချိန်တွင် ဧကရာဇ်ရှန်ဒယ်သည်
သူ၏ အစေခံ မိန်းမစိုးအား လက်သီးဖြင့် ပြင်းပြင်း
ထန်ထန် ထိုးနှက်၍ သတိပေးခဲ့ရာ၊ ထိုမိန်းမစိုးသည်
လည်း သူ၏ ချစ်သူ နို့ထိန်းထံသို့ သွား၍ ရိုက်နှက်
ကာ ပြစ်တင် ကြိမ်းမောင်းခဲ့သည်။ အကျိုးဆက်‌အ
နေဖြင့် နောက်နေ့မှစ၍ ထိုနို့ထိန်းသည် လီကျန့်ဟန်
အား အေးတိအေးစက် ဆက်ဆံကာ၊ အဖက် မလုပ်
တော့ဘဲ၊ အေးစက်နေသော အစားအစာကိုသာ နေ့
စဉ်နေ့တိုင်း ဝတ္တရားကျေဆက်သလာခဲ့၏။ သူမအ
အနေဖြင့် လီကျန့်ဟန်အား ရိုက်နှက်ခြင်း မရှိတော့
သော်လည်း၊ သူမ၏ လျှာစောင်းဟာ ထက်လွန်းသ
ဖြင့် လီကျန့်ဟန်သည် ဧကရာဇ်ရှန်ဇယ်အား မည်
သည့်အကြောင်းကိုမှ ထပ်၍ မတိုင်ရဲတော့ဘဲ၊ ထို
အတွက် အဖိုးအခ,အနေဖြင့် လီကျန့်ဟန်သည် စ
ကား,မပြောတတ်၊ ပြောတတ် အရွယ်ရောက်စ အ
ချိန်မှာပင် ရုန်ရင်းကြမ်းတမ်းသော စကားလုံးများ
ကို ပုံမှန်ထက်ပို၍ ပြောတတ်လာခဲ့သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now