Chapter 77:(အငြင်းပွားမှု)

1.1K 204 26
                                    

[Unicode]
             - အငြင်းပွားမှု -

ဖန်းရှန်ကျယ်သည် ရာထူး ဆိုင်းငံ့ထားခံခဲ့ရပြီး၊ တရားစွဲဆိုခံရကာ၊ ကြိမ်ဒဏ်ကိုလည်း ခံယူခဲ့ရသည်။ ထိုသို့ကြိမ်ဒဏ်ခံယူပြီးနောက် သူသည် အိမ်တွင် ဝမ်းလျားမှောက်ကာ ဒဏ်ရာအတွက် ကုသမှုခံယူရင်း၊ သက်ပြင်းလေး တဟင်းဟင်း ချကာ ညည်းညူးနေခဲ့ရှာ၏။
သူ၏ သားဖန်းလင့်မှာလည်း အပြစ်မှ မလွတ်မြောက်နိုင်ဘဲ၊ ညီလာခံသဘင်၌ အကဲဖြတ်လူကြီးမင်းများ၏ ပြစ်တင်ရှုတ်ချမှုများကို နေ့စဉ်နေ့တိုင်း သည်းခံနေရပြီး၊ ရက်အနည်းငယ် ကြာပြီးနောက် သူပါ ရာထူးဆိုင်းငံထားခံရကာ၊ နေအိမ်အကျယ်ချုပ် ကျသွားခဲ့သည်။

ရာထူးအဆင့်အတန်း မြင့်သွားသော ရှောင်းချီရယ်ကမူ စားသောက်ပွဲတစ်ခုကို ကျင်းပကာ၊ ဟယ့်လျန်ဟိုအား တကူးတက ဖိတ်ကြားခဲ့သည်။ သို့သော်လည်း ဟယ့်လျန်ဟိုမှာ နောက်ဆုံးအကြိမ်က ဖြစ်ပျက်သွားခဲ့သော သူ၏ သမီးကညှာနှင့် ရှောင်းချီရယ်တို့အား အောင်သွယ်ပေးရန် ကြိုးပမ်းမှုများကြောင့် ရှောင်းချီရယ်ရှေ့တွင် မျက်နှာပြရမည်ကို အလွန်အမင်း ရှက်ရွံ့နေခဲ့ပြီး၊ ထိုအာဏာရှင်ငယ်လေးက အောင်မြင်မှုများကြောင့် မာန်တက်ကာ၊ သူ့အား လူအများ၏ ရှေ့တွင် အရှက်ခွဲ၍ ခက်ခဲအောင် လုပ်မည်ကို စိုးရိမ်သောကရောက်ကာ၊ သူ့အစား သူ၏ သားကိုသာ စားသောက်ပွဲသို့ တက်ရောက်ရန် စေလွှတ်လိုက်၏။

ဟယ့်လျန်ဟို၏ သားသည် ဖေ့ရှစ်️*ဟု ခေါ်ပြီး၊ တုန်းလုန်လမ်းတွင် နာမည်ကြီးသော အကျော်အမော် တစ်ယောက်လည်း ဖြစ်သည်။ သူသည် ဟိုယခင်က ရှောင်းချီရယ်နှင့်အတူ သေရည်သောက်ဖူးခဲ့ပြီး၊ ဗိုလ်ကျခြယ်လှယ်တတ်သော သူသည်ပင်
ရှောင်းချီရယ်လောက် ဗိုလ်ကျမခြယ်လှယ်တတ်သည်ကို သူ့ကိုယ်သူ သိထားပြီးသားပင် ဖြစ်သည်။ သူသည် မည်သည့်အကြောင်းအရင်းကြောင့် မသိဘဲ၊ ရှောင်းမျိုးရိုးအား ကြောက်ရွံ့နေခဲ့သဖြင့်၊ ရှောင်းချီရယ်နှင့်အတူ ဖျော်ဖြေပွဲများသို့ ဘယ်သောအခါမှ အတူတကွ မသွားမိစေရန် ဆင်ခြင်နေခဲ့သည်။ သူ့အနေဖြင့် ရှောင်းချီရယ်နှင့် လီကျန့်ဟန်တို့အား လမ်းမှာ တွေ့လျှင်ပင် ကွေ့ပတ်၍ ရှောင်ကွင်းသွားတတ်သည်။ သို့သော်လည်း ယခုအခါ၌ သူသည် ရှောင်းချီရယ်၏ စားသောက်ပွဲသို့ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်သဖြင့်၊ လမ်းတစ်ဝက်မှာပင် အားအင်ကုန်ခမ်းလာသလိုလို ဖြစ်လာပြီး၊ ဦးတည်ချက် ပြောင်းလဲကာ၊ ဖန်းစံအိမ်တော်ဆီသို့ ရှေးရှူသွားလိုက်ပြီး၊ ဖန်းလင့်အား ထိုစားသောက်ပွဲသို့ သူနှင့်အတူ လိုက်ခဲ့ရန် အရင်ဆုံး ခေါ်ရတော့သည်။

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Onde as histórias ganham vida. Descobre agora