Chapter 21:(ဆောင်းဦးအမဲလိုက်ပွဲ)

2K 366 63
                                    

[Unicode]
- ဆောင်းဦးအမဲလိုက်ပွဲ -

နှစ်သစ်၏ ဆယ်လမြောက်၌ အကြိမ်များစွာ
မိုးရွာ‌သွန်းလို့နေပြီး၊ ဖုန်းတောင်တန်းပေါ်ရှိ
မေပယ်ရွက်လေးတို့မှာလည်း အနီရောင်‌သန်း
လာလေ၏။ ရှန်ဇယ်ချွမ်းကား နံနက်ခင်း
ညီလာခံအတွင်း ဆင်အုပ်မောင်းသွားချိန်တွင်
တဖွဲဖွဲကျဆင်းနေသော နှင်းမှုန်လေးများကို
မြင်နေရသည်။ ဧကရာဇ်ရှန်ဒယ်၏ ဖျားနာ
မှုမှာ ဆောင်းဦးရာသီရောက်လာသည်နှင့်
အမျှ အတိုင်းအတာတစ်ခုထိ တိုးတက်လာ
ပြီး၊ စားသောက်နေစဉ်မှာလည်း စကားစမြည်
ပြောလာတတ်၏။ နံနက်ညီလာခံတက်နေစဉ်
အတွင်း ချောင်းဆိုးတတ်သောအကျင့်မှာလည်း
အတော်လေး လျော့နည်းသွားပြီပင်။

အစဉ်အလာအတိုင်းဆိုလျှင် ဧကရာဇ်ရှန်ဒယ်
သည် နန်လင်*အမဲလိုက်ကွင်းသို့ ဆယ့်တစ်လ
မြောက်မှသာ သွားရမည်ဖြစ်သည်။သို့ရာတွင်
သူသည် ရာသီဥတုအေးအေး၌ သွားလာရေး
ခက်ခဲမည်ကို စိုးရိမ်နေပုံပင်၊ ဆောင်းဦးအမဲ
လိုက်ပွဲကို ဆယ်လမြောက်၏ အစမှာပင်
ကျင်းပရန်အလို့ငှာ ကြိုတင်ပြင်ဆင်ရန်
အမိန့်ပေးလေတော့သည်။

[T/N: နန်လင် - တောင်ပိုင်းတောအုပ်။]

"လှည့်ကင်းတာဝန်ကျတဲ့ အဖွဲ့တွေက
မဟာလေ့ကျင့်ရေးဌာန(၈)ခုနဲ့ တော်ဝင်
ကိုယ်ရံတော်တွေ ဖြစ်နေတုန်းပဲ!"

ချန်ယန်က ရှောင်းချီရယ်အတွက် ဓားကို
ကိုင်ဆောင်ထားလျက် ပြောလာခဲ့သည်။

"အကြီးအကဲ၊ ပြီးခဲ့တဲ့ အခေါက်တုန်းက
အရှင်...အမျက်တော်မရှဘူးလား?"

"အဲ့ဒါက ပြီးခဲ့တဲ့ အခေါက်လေ။"

ရှောင်းချီရယ်သည် စစ်ရေးလေ့ကျင်းကွင်းမှ
ပြန်လာခါစပင် ရှိသေးသည်။သူက ချွေးသုတ်
လိုက်ပြီး-

"ပြီးခဲ့တဲ့ အခေါက်တုန်းက...အရှင် ဒေါသ
ထွက်တာက နန်းတွင်း‌ရော နန်းပြင်ကပါ...
လုံခြုံရေးနဲ့ပတ်သတ်ပြီး စိုးရိမ်စရာတွေ
ရှိနေတယ်လို့ တွေးနေလို့လေ။ ဒါပေမဲ့
ဒီတစ်ခေါက်ကျ မတူတော့ဘူး။ အရှင်မက
ရှီးကုအန်းကို အထင်သေးရုံတင်မကဘူး၊
ကြဉ်ပါ ကြဉ်ထားတာ။ နှစ်လလောက်ကြာ
အောင် အေးစက်စက်နဲ့ ဖယ်ကြဉ်းထားခံ
ရတော့....သူလည်း အရင်လိုအလေးပေးခံရ
တဲ့ အချိန်တွေကို ပြန်လိုချင်နေမှာ သေချာ
တယ်။"

"ချစ်ရသူအတွက် ဝိုင်တစ်ခွက်"「 မြန်မာဘာသာပြန် 」Where stories live. Discover now