အဲ့အချိန်မှာပဲ ငှက်ပျောပင်ထဲက မကောင်းဆိုးဝါးက သူ့အတွက် အခွင့်ရေးကောင်းရလာပြီဆိုတော့ သူ့စွမ်းအားနဲ့ ထိုအိမ်ရှင်ဇနီးအဖြစ် အယောင်ဆောင်ကာ ကလေးရှိရာ ပုခတ်ဆီသွားပြီး ကလေးကို စားမလို့ ပွေ့ချီယူလိုက်သတဲ့လေ။

အဲ့အချိန်မှာပဲ ကံကောင်းချင်တော့ အိမ်ရှင်အမျိုးသား ပြန်ရောက်လာတယ် ။

ပြန်ရောက်လာလာချင်း သူမြင်လိုက်တာက ကလေးချီနေတဲ့ သူမိန်းမ နဲ့ အဝတ်လျှော်နေတဲ့ သူ့မိန်းမ ။ နှစ်ယောက် ဖြစ်နေတာကိုပေါ့ ။

အဲ့အချိန်မှာ သူတွေးမိတာက အိမ်ရှေ့မှာ ကလေးချီထားတဲ့ အမျိုးသမီးက သူ့မိန်းမအစစ် ဖြစ်ပြီး နောက်ဖေးမှာ အဝတ်လျှော်နေတာက သူ့မိန်းမအဖြစ် ဖန်ဆင်းထားတဲ့ မကောင်းဆိုးဝါးတွေဘာတွေသာ ဖြစ်မယ် ဆိုပီးတော့လေ။

အဲ့ဒါကြောင့် မဆိုင်းမတွ ချက်ချင်းပဲ လက်ထဲမှာပါလာတဲ့ လှံ နဲ့ အဝတ်လျှော်နေတဲ့ မိန်းမကို လှမ်းပစ်လိုက်လေသတဲ့...။

ဒါပေမဲ့

ကံသီတယ်လို့ပဲ ဆိုရလေမလား လက်က လွဲသွားပီး အဝတ်လျှော်နေတဲ့ သူမိန်းမဘေးက မကောင်းဆိုးဝါးဖြစ်နေတဲ့ ငှက်ပျောပင်ကြီးကိုသာ သွားမှန်လေတယ်။

အဲ့အချိန်မှာပဲ ငှက်ပျောပင်ထဲက သွေးအညစ်တွေ ပန်းထွက်လာကာ ချက်ချင်း ညိုးကျ သေဆုံးသွားပီး အိမ်ရှေ့က မိန်းမရဲ့ ခြောက်ခြားဖွယ်ရာ အော်သံနက်ကြီးလဲ တပြိုင်တည်း ပေါ်ထွက်လာပြီးနောက် ထိုအယောင်ဆောင် မကောင်းဆိုးဝါးပါ
တစစီ ပြိုကွဲ ပျောက်ကွယ်သွားပါသတဲ့။

အဲ့အခါမှပဲ သိခဲ့တာက ကလေးချီထားတဲ့မိန်းမကသာ ငှက်ပျောပင် မကောင်းဆိုးဝါးဆိုတာကိုပေါ့ ။

တကယ့်ကို ကံသီလို့သာပါပဲ။

ဒါ့ကြောင့် ရှေးလူကြီးတွေ ပြောခဲ့တာက သက်ရှိအပင်လေးတွေကို သွေးအညစ်အကြေးအရည်တွေနဲ့ မပက်ကောင်းဘူး တဲ့လေ။ အထူးသဖြင့် ငှက်ပျောပင်တွေကိုပေါ့။

ဒါလေးကတော့ မသိသေးတဲ့ စာဖတ်သူများ ရှိခဲ့ရင် ဗဟုသုတ ရစေခဲ့မယ် ထင်ပါတယ်။

Ghost Diary {Completed}Where stories live. Discover now