Note

5.1K 395 169
                                    

Unicode

သရဲမှတ်တမ်း ဆိုတဲ့ ဒီ Diary လေးကို ရေးရတဲ့ အကြောင်းအရင်း ကတော့ Ghost ခြောက်ခံရတာတွေနဲ့ ပက်သက်ပြီး စာရေးသူ ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးတွေနဲ့ ကြားဖူးနားဝရှိနေတဲ့ အကြောင်းအရာလေးတွေကို တစုတစည်းထဲ ရေးသားဖော်ပြပေးချင်လို့ပါ။

အများစုကတော့ ၂၀၁၈ ခုနှစ်လောက်ကထဲက စာရေးသူ ရေးသားခဲ့တဲ့ "မာယာများနဲ့သရဲစံအိမ်" နဲ့ "ဝင်္ကပါထဲက သရဲစံအိမ်" Fanfiction တွေထဲမှာ မှတ်စုတိုအဖြစ် ဖော်ပြခဲ့တဲ့ သရဲခြောက်ခံရဖူးတဲ့ အကြောင်းအရာတွေကို ပြန်စုစည်းထားတာတွေလဲ ပါဝင်သလို ဆက်လက်ပြီးလဲ Ghost နဲ့ ပက်သက်တဲ့ အသစ်အသစ်သော အကြောင်းအရာတွေကို ဒီ Diary လေးထဲမှာပဲ ရေးသားဖော်ပြသွားပါ့မယ်။

စိတ်ဝင်စားကြမယ် ထင်ပါတယ် ။

စာရေးသူအကြောင်း အရင်စပြောပြရရင်တော့ စာရေးသူက အရင်တုန်းက English Ghost Movie တွေ ခဏခဏ ကြည့်ဖြစ်ပါတယ် ။ ဘာလို့လဲဆိုတော့ စာရေးသူက အရင်က International School တစ်ခုမှာ Computer Teacher လုပ်ခဲ့တာဆိုတော့ စာသင်ချိန်မရှိတဲ့ နွေအားလပ်ရက်တွေမှာ ဆရာမတွေစုပြီး ကွန်ပျူတာခန်းမှာ သရဲကား မကြာခဏ ကြည့်ဖြစ်ကြတာကြောင့်ပါ ။ လူစုလူဝေးနဲ့ဆိုတော့ အများဆုံး ကြည့်ဖြစ်ခဲ့ကြတာ သရဲကားတွေပဲပေါ့။

တကယ်တော့ တစ်ယောက်ထဲ ကြည့်ရတာထက်စာရင် အဲ့လို လူစုလူဝေးနဲ့ သရဲကားကြည့်ရတာက အရမ်းပျော်စရာကောင်းပါတယ်။

ပြီးတော့ စာရေးသူက သရဲခြောက်တဲ့ အခန်းရောက်ရင် အာဖြဲပြီး အော်ရတာကိုလဲ အရမ်းနှစ်သက်တယ် ။ကြောက်လွန်းလို့တော့မဟုတ်ဘူး အဲ့လို စိတ်လွတ်ကိုယ်လွတ် အော်လိုက်ရတဲ့ အရသာကို ကြိုက်လို့ပါ။

သရဲကားကြည့်ရတာ၊ သရဲဇာတ်လမ်းလေးတွေ ဖတ်ရတာကို တကယ်စိတ်ဝင်စားပြီး ကြိုက်နှစ်သက်ပါတယ်။

ကဲပါ ထားပါတော့လေ ဒါလေးတွေကတော့ Ghost Movie နဲ့ ဆိုင်တဲ့ စာရေးသူရဲ့ Feeling လေးတွေကို ပြောပြခြင်းပါ ။

အခုနောက်ပိုင်းလဲ အားရင်အားသလို Ghost Movie တွေ ကြည့်ဖြစ်နေပါတယ်။ Ghost Fiction လေးတွေလဲ စိတ်ပါရင် ပါသလို ထပ်မံ ဖန်တီးချင်ပါသေးတယ်။

Ghost Diary {Completed}Where stories live. Discover now