အပိုင်း(၇)

850 72 0
                                    

အားချွမ်မှာ သူ၏အလုပ်နေရာရောက်တော့ မဝင်ခင် ဂေဟာ၏အမည်နာမကို ကြည့်လိုက်သေးသည်။ ဂေဟာနာမည်က သင်းရနံ့ပေတဲ့။ ဒါကိုမြင်တော့ သူမပြုံးဘဲ မနေနိုင်တော့။

လွန်ခဲ့သောဆယ်နှစ်က သူဒီနေရာကို စတင်တည်ထောင်ခဲ့သည်။ အစတုန်းကတော့ တရားမဝင်ဖြစ်ပေမယ့် ယခုတွင်တော့ ဘုရင်မင်းမြတ်၏ တရားဝင်ခွင့်ပြုချက်ကိုပါ ရရှိထားလေသည်။

စုစုပေါင်းလေးထပ်မျှရှိလေပြီး အပြင်ဘက်ကနေ ကြည့်လျှင်တောင် ဝင်ချင်စိတ်ဖြစ်ပေါ်အောင် ဆွဲဆောင်လေသည်။

ဂေဟာထဲဝင်လိုက်ကာ အားချွမ်ဟာ သူ၏ခြုံလွှာကြီးအား ဆွဲချွတ်လိုက်လေသည်။ စဝင်ဝင်ချင်း အောက်ထပ်တွင်တော့ ဂေဟာထဲမှ ယောကျာ်းလေးနှင့်မိန်းကလေးတိုင်းအတွက် သီးသန့်အခန်းလေးများရှိပြီး အလှပြင်ဆင်ဖို့် အခန်းလေးများပါ ထားရှိထားသည်။ ထိုလူတွေဟာ ဖမ်းဆီးထားသည့်လူများ မဟုတ်ဘဲ သူတို့၏သဘောဖြင့် သူတို့ဘာသာလာကြသူများ ဖြစ်လေသည်။

"အားချွမ်..."

ဘေးမှရင်းနှီးလေသော ခေါ်သံ။

ဘယ်သူလဲဆိုတာ လှည့်ကြည့်လိုက်တော့ သူအံ့သြသွားလေသည်။ မနေ့က အဖမ်းခံရမည်ထင်ထားလေသော လျိုမိန်းမကြီးဖြစ်သည်။ ဘာကြောင့်များ ပြန်လွတ်လာလဲတော့မသိ။

"အမကြီးလျိုက ဘာကြောင့်..."

"ထွက်ပြေးလာတာလေ... သူတို့ရဲ့ ဆေးမှုန့်က ခဏလောက်ပဲ အားပျော့တာ ပြီးရင်ပြန်ကောင်းသွားရော။ ဘယ်သူမှ အဖမ်းမခံရတဲ့အပြင် သဲလွန်စတောင်မကျန်ခဲ့ဘူး"

"...."

အားချွမ်တစ်ချက်မျှ မင်သက်သွားလေသည်။ ကြည့်ရတာမနေ့ကသူတစ်ယောက်ပဲ အဖမ်းခံရမလိုဖြစ်သွားသည်နှင့်တူလေသည်။ ဒီလိုမှန်းသိရင် သူပါလိုက်ပြီးဆေးငွေ့ရှုလိုက်ပါမည်။ ထိုအချိန်တွင် အားချွမ်က တစ်ခုသတိရသွားတော့သည်။ သူ၏ဝတ်စုံအိတ်ထဲမှ ငွေထုပ်ကိုထုတ်လိုက်ကာ လျိုမိန်းမကြီးအားပေးလိုက်သည်။

"တောင်းပန်ပါတယ်...ကျွန်တော် ပြန်မပေးဘဲ ယူထားတော့မလို့"

လျိုမိန်းမကြီးလည်း ခေါင်းကိုတဆက်ဆက်ခါလိုက်ကာ အားချွမ်၏လက်ထဲသို့ ငွေထုပ်အားပြန်ပေးလိုက်သည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now