အပိုင်း(၃၀)

593 48 0
                                    

      အားချွမ်တစ်ယောက် မနေ့က လှဲနေရင်း ဘယ်လိုက ဘယ်လိုစပြီးအိပ်ပျော်သွားလဲမသိ။ သူနိုးလာတော့အတော်လေးမိုးလင်းနေပြီ။ မနေ့က ကြာပွတ်ဒဏ်ရာတွေကြောင့် ပင်ပန်းပြီးအိပ်ပျော်သွားတာ ဖြစ်ပေလိမ့်မည်။ အပျင်းကြောဆန့်လိုက်ပြီး အားချွမ်က ကုတင်ထက်မှထလာသည်။ သူဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည့်တိုင် ဟောင်ရန်အားမတွေ့ချေ။

ခဏကြာတော့ ဟောင်ရန်ဟာ ဆန်ပြုတ်ပန်းကန်အား ယူလာပြီး အခန်းထဲဝင်လာသည်။ ထိုအချိန်တွင် သူနှင့်အားချွမ်မှာ အကြည့်ချင်းဆုံမိသွားသည်။ သို့ပေမယ့် ဟောင်ရန်က အကြည့်ချင်းလွှဲလိုက်ကာ စားပွဲခုံပေါ်သို့ ဆန်ပြုတ်ပန်းကန်အား တင်လိုက်သည်။

"ဒီနေ့တော့ ဆန်ပြုတ်ပဲစားထားလိုက်ပါ...အားနည်းနေတယ်ဆိုတာသိပေမယ့် အစာအမာတွေစားရင်ပိုဆိုးလိမ့်မယ်"

ဟောင်ရန်က ဆိုလိုက်လေသည်။ ခဏကြာတော့ သူကဆက်၍

"စားပြီးရင် မင်းရဲ့ဂေဟာကိုအတူသွားမယ်...မင်းဟာ အဲ့အလုပ်ကို ဒီနေ့ကစပြီးမလုပ်ရတော့ဘူး"

ဟူ၍ ဆိုလိုက်လေသည်။ ပြတ်သားလှသည့် စကားသံတို့ကြောင့် ဟောင်ရန်၏မျက်လုံးတို့ ပြူးကျယ်သွားလေသည်။

မလုပ်ရဘူးတဲ့လား...

အကယ်၍ သူဟာထိုအလုပ်မလုပ်ရင် ဘာအလုပ်လုပ်ရမှာလဲ??

ထိုအကြောင်းအရာတွေကို အားချွမ်တွေးနေမိသည်။ ဟောင်ရန်ကလည်း အားချွမ်၏စိတ်တို့အား သိနေသည့်အလား သက်ပြင်းသက်လိုက်မိသည်။

"ချွမ်အာ ဘာမှလုပ်စရာမလိုဘူး...ကိုယ်က ရှာကျွေးမှာပါ"

"ဟက်..."

အားချွမ် ဟက်ခနဲရယ်လိုက်သည်။

ဒါဟာကြွယ်ဝချမ်းသာသူတွေ ပြောနေကြစကားတစ်ခုပဲ။ သူတို့ကရှာကျွေးမယ်၊ သူတို့ကဂရုစိုက်မယ်၊သစ္စာရှိမယ် ဆိုသည့်စကားတွေဟာ အားချွမ်အတွက်တော့ ကြားပါများတော့ ရိုးအီလာလေပြီ။ တကယ်တော့ သူကိုယ်တိုင်က ယောကျာ်းတစ်ယောက်ဖြစ်ပေမယ့် ယောကျာ်းတွေအားလုံးဟာ အတူတူပါပဲလေ။

ရှေ့နောက်စကားမညီသည်သာမက ပေးပြီးသားကတိကို ဖောက်ဖျတ်တတ်လေသည်။ အိမ်မှာဇနီးမယားရှိလျက်နှင့် ဖောက်ပြန်ကြသည်။ ထားလိုက်တော့...အခြားလူတွေ၏ မကောင်းကြောင်းသူမစဉ်းစားချင်တော့။ ပြောကြေးဆိုရင် သူကိုယ်တိုင်ကလည်း မကောင်းသည့်လူပဲမဟုတ်လား။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now