အပိုင်း(၂၂)

561 56 0
                                    

      မနက်လင်းတော့ နိုးနိုးချင်းပင် နွေးထွေးသည့်ရင်ခွင်တစ်ခုအား ထိတွေ့လိုက်ရသည့် ခံစားချက်တို့ကြောင့် အားချွမ်တစ်ယောက် မျက်လုံးတို့ ဖြတ်ခနဲပွင့်သွားသည်။ ဘယ်လိုပဲ အပျော်မယ်ကောင်လေးဖြစ်ပါစေ ကိစ္စပြီးသည်နှင့် ထွက်သွားသောကြောင့် တစ်ခါမှ တစ်ယောက်ယောက်နှင့် မအိပ်ခဲ့ဖူးချေ။

မဟုတ်မှ...

ဖြစ်တည်လာသည့် သံသယစိတ်တို့ကြောင့် ခေါင်းမော့ကာအနှီလူအားကြည့်လိုက်တော့ အားချွမ်မျက်လုံးတို့ပြူးကျယ်သွားသည်။ ထိုလူဟုထင်မှတ်ခဲ့ပေမယ့်လည်း ယခုလိုမျိုးပုံစံမျိုးမြင်ရမည်ဟု မထင်မှတ်ခဲ့။

ဟောင်ရန်ဟာ သူ၏ဆံနွယ်ရှည်တ်ို့အား ဖြေချထားလျက် ဆံနွယ်အချို့ဟာ မျက်နှာထက်တွင် ကျနေသည်။ ယောကျာ်းပီသသော မျက်နှာဟာ သွေးကြောစိမ်းများဖြင့် ငယ်ရွယ်နုပျိုမှု၏ ဆုလာဒ်တစ်ခု။ သို့ပေသော်လည်း အားချွမ်၏မျက်လုံးတို့မှာ ရုတ်ချည်းပင် အဝတ်မရှိသော ဟောင်ရန်၏ရင်ဘတ်ပေါ်သို့ ကျရောက်သွားသည်။

ကျယ်ပြန့်နေသော ကြွက်သားတို့ထက်တွင် လက်သည်းဖြင့် ကုတ်ခြစ်ထားသယောင် သွေးအချို့ထွက်နေသည်။ ဒါတွေဟာ ဘယ်ကရလာမှန်း အားချွမ်သိသွားမိသည်။

"ဒါက..."

အားချွမ်ဟာ သူ၏ပါးစပ်အား ပိတ်လိုက်ပြီး  စွံ့အသွားသည်။ ယခုအခြေအနေဟာဆိုလျှင် ဘယ်လိုအခြေအနေလဲဆိုတာ ကြည့်ရုံနှင့်တင် သိသာနေသည်။

"မင်း..."

ပြာသလဲလဲဖြင့် အားချွမ် ဟောင်ရန်၏ ခန္ဓာကိုယ်အား တွန်းဖယ်လိုက်၍ အနောက်သ်ို့ ဆုတ်လိုက်မိသည်။ အားချွမ်၏ တွန်းဖယ်လိုက်မှုကြောင့် ဟောင်ရန်၏ ရှည်လျားသော မျက်ခုံးတို့ဟာ တွန့်ကျူးသွား​လေးကာ မျက်လုံးတို့ပွင့်ဟလာသည်။

မျက်လုံးပွင့်ပွင်းချင်းပင်ဝင်လာသည့်  အားချွမ်၏ စူးရှသောအကြည့်ကြောင့် ဟောင်ရန်အိပ်ချင်စိတ်တို့ ပြေသွားတော့သည်။ လဲကျနေရာမှ ထလိုက်ပြီး ဟောင်ရန်က အရှေ့မှ အားချွမ်ကို သေချာကြည့်မိသည်။

အရည်ကြည်လဲ့နေသော မျက်လုံးလေးများဟာ မျက်ရည်စလေးများ စိမ့်ထွက်နေသလိုရှိပြီး ဖိကိုက်ခံထားရ၍ နှုတ်ခမ်းတို့ ပေါက်နေကာ ခန္ဓာကိုယ်အနှံ့တွင် အနီ​ရောင်အမှတ်အသားတို့ဟာ အဖြူရောင်အသားအရည်ပေါ်တွင် လိုက်ဖက်စွာ တည်ရှိနေသည်။ ထို့အတူသူထပ်မံကြည့်လိုက်တော့ အားချွမ်၏မကျေနပ်သလိုအကြည့်နှင့် ရင်ဆိုင်လိုက်ရလေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now