အပိုင်း(၉)

727 65 0
                                    

           ညကအတော်လေး မိုးချုပ်နေပြီ။ အားချွမ်သည်ကား အခုထိရောက်မလာသေး။ နေ့လည်ကတည်းက အားချွမ်အတွက် စိတ်လေးနေသည်ဖြစ်သည့် ဟောင်ရန်ကတော့ ဘာလုပ်လို့ဘာကိုင်ရမလဲမသိတော့။ ဒီအိမ်ဟာ အားချွမ်၏အိမ်ဖြစ်ကာ သူပြန်လာချင်သည့်အချိန် ပြန်လာလို့ရတယ်ဆိုပေမယ့်လည်း ဒီအချိန်က အတော်လေးနောက်ကျနေလေပြီ။

"မအိပ်သေးဘူးလား"

ပြောရင်းဆိုရင်းပင် အားချွမ်က ခြုံလွှာအမဲကြီးခြုံထားလျက် အိမ်ထဲသို့ ဝင်လာသည်။ သူ၏မျက်နှာသည်ကား ညိုးငယ်နေသလိုပင်။

'(မင်းက ဘာအလုပ်လုပ်တာလဲ...အဆင်ပြေရဲ့လား)'

အစကမမေးတော့ဘူးဟု လုပ်ပေမယ့် အားချွမ်လေး၏ညှိုးငယ်နေသော မျက်နှာအားမြင်တော့ သူမခံစားနိုင်ဘဲ မေးလိုက်မိသည်။

အားချွမ်သည်ကား သက်ပြင်းချလိုက်ပြီး

"ဟုတ်သားပဲ...မင်းအနေနဲ့လည်း ငါဘာအလုပ်လုပ်လဲဆိုတာ သိသင့်တာပေါ့"

ဟူ၍ပြောလိုက်လေသည်။ ထို့နောက်သူ၏ မျက်နှာအားအောက်ချလိုက်ပြီး ဆက်၍ပြောလိုက်သည်။

"ဒီလိုလုပ် မင်းမနက်ဖြန် ငါ့အလုပ်နေရာ လိုက်ခဲ့ပါလား"

အင်း...ဆိုသော သဘောဖြင့် ဟောင်ရန်က ခေါင်းငြိမ့်လိုက်သည်။ ဒါကိုမြင်တော့ အားချွမ်ကလည်း ပြုံးလိုက်ပြီး သူ၏လက်ဖြင့် ဟောင်ရန်၏ပါးလေးအား ထိကိုင်လိုက်သည်။

"ဟုတ်တယ်...ကလေးက လိမ္မာတယ်"

ကလေး?

ကလေးဟု အခေါ်ခံရလေခြင်းမှာ အားချွမ်က ဟောင်ရန်ထက် ဆယ်နှစ်ပိုကြီးလေသောကြောင့် ဖြစ်သည်။ သို့ပေမယ့်လည်း ကိုယ့်ထက်အရပ်ရှည်သည့်လူတစ်ယောက်အား ကလေးဟုခေါ်သည်ကတော့ နည်းနည်းတစ်မျိုးဖြစ်လေ၏။

ထိကိုင်ထားသော လက်အားဖယ်လိုက်ကာ အားချွမ်က ယင်း၏ ပခုံးထက်သို့ လိုက်တင်လိုက်သည်။

"ရေသွားချိုးလိုက်အုန်းမယ်...လာချောင်းမကြည့်နဲ့နော်"

သတိပေးလိုက်ပြီး အားချွမ်က သူ၏လက်အား ရုတ်သိမ်းကာ အဝတ်ဗီရိုဆီထွက်၍ ညဝတ်ရန်ဝတ်စုံလေးအား ထုတ်လိုက်ပြီး ရေချိုးဖို့ သစ်သားရေဇလုံအား အပြင်သို့ထုတ်လိုက်လေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now