အပိုင်း(၁၂)

698 60 0
                                    

       ဟောင်ရန်လည်း စောနကကောင်လေး ပြောလိုက်သည့်အခန်းဆီသို့ လာလိုက်သည်။ သူဟာအခန်းရှေ့တော့ရောက်ပေမယ့် အထဲသို့စွတ်မဝင်ပါ။

တံခါးကို အနည်းငယ်လောက်သာ ဟလိုက်၍ မလုပ်သင့်မှန်းသိပေမယ့် ဟောင်ရန်ကအထဲကသို့ ကြည့်လိုက်မိသည်။ စိတ်ကို ကြိုတင်ပြင်ဆင်ထားပေမယ့်လည်း မဟုတ်ပါစေနဲ့ဟူ၍သာ ဆုတောင်းနေမိသည်။

ခပ်ဟဟလေးသာ ဟထားလေသော အခန်းထဲကိုကြည့်လိုက်မိတော့ သူမျက်လုံးပြူးကျယ်သွားပြီး အနောက်သို့ ဆုတ်လိုက်မိသည်။ အစကတည်းက ဒီလိုမြင်ရမည်ဟု ထင်ခဲ့ပေမယ့် လက်တွေ့တွင်ကား သူမယုံကြည်နိုင်။

မဟုတ်ဘူး...အားချွမ်က အဲ့လိုကောင်လေးမျိုးမှမဟုတ်တာ။ လုံးဝ သူအမြင်မှားတာ ဖြစ်ပေလိမ့်မည်။

"လူကြီးမင်း ဘာလို့များ အားချွမ်ဆီ သွားရတာလဲ"

ထိုစဉ်အနောက်မှ ခေါ်သံတစ်ခု။ ထိုအသံဟာ စောနက ကောင်လေးမန်ယီ၏အသံပါ။

ဟောင်ရန်သည်လည်း ဘာမှမဆိုတော့။ မန်ယီအား ပြန်မပြောတော့ဘဲ လှည့်ထွက်လာလိုက်သည်။ သူ့အနေနှင့်ဒီမှာဆက်၍ မနေချင်တော့ပါ။

သူ၏မျက်လုံးနှင့်သေချာမြင်တာတောင် သူဘာမှလုပ်၍မရနိုင်...တားဖို့ဆို ဝေးစွ။ ဒီအတိုင်းမမြင်ခဲ့သလိုသာ နေနေရသည့်ဘဝ။ မှန်ပေသားပဲ...အစကတည်းက ဒီလိုမျိုးတွေမတွေးဘဲ အလုပ်ကိစ္စကိုသာ အာရုံစိုက်ခဲ့သင့်တာ။

"ဒီတစ်ယောက်လဲ သူ့ကိုစွဲလန်းနေတာလား"

မန်ယီကတွေးရင်း သက်ပြင်းချလိုက်လေသည်။ ထိုသို့ဆိုရင်တော့ အနှီလူအတွက် စိတ်မကောင်းစရာပင်။ အကြောင်းကတော့ သူတို့၏မားမားဟာ ငွေကြေးပြည့်စုံသည့်လူတွေကိုပဲ သဘောကျပြီး အခြားလူတွေကို စိတ်ထဲတွင် မထည့်သောကြောင့်ဖြစ်လေ၏။

သို့်ပေသော်လည်း သူတို့မသိလေသော အချက်သည်ကား ဟောင်ရန်ဟာ မြို့စားမင်းဖြစ်သည့် အကြောင်းဖြစ်လေသည်။

********************************
/Question/

SakuraYoom:အဟမ်း...မေးစရာရှိပါတယ် ဟောင်ရန်။ စကားနဲ့ပြောပေးပါ...ဟောင်ရန်က အားချွမ်လေးကို ကြိုက်ပြီလား?

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now