အပိုင်း(၁၈)

575 52 0
                                    

        ထမင်းတစ်အိုးချက်မျှကြာတော့ အားချွမ်ဟာ  ထမင်းရော ဟင်းပါချက်ပြီးနေပြီ။ ကြည့်ရသည်မှာ နှစ်အိုးတစ်ပြိုင်တည်းတင်တာ ဖြစ်ပေလိမ့်မည်။ ထမင်းစားပွဲခုံအကြီး မရှိပေမယ့်လည်း တစ်ယောက်စာ စားပွဲခုံလေးတော့ ရှိလေသည်။ ထိုပေါ်တွင် ဟင်းနှင့်ထမင်းအား တင်လိုက်ပြီး ဟောင်ရန်ကိုစားဖို့ခေါ်လိုက်တော့သည်။

ဟောင်ရန်သည်ကား အရင်ကအကောင်းတွေပဲ စားပေမယ့် ချို့တဲ့သည့်ဟင်းတွေကိုတော့ မစားတတ်သည်တော့မဟုတ်။ အားချွမ်ကိုယ်တိုင်သာ ချက်သည်ဆိုလျှင် သူ့အတွက် တန်ဖိုးကြီးစားစရာများထက်ပင် ပိုစားကောင်းပေသည်။

ဆန်ကြမ်းနှင့်အသီးအရွက်ဟင်းကိုသာ နေ့တိုင်းချက်စားရပြီး သူတွေ့သည်က အားချွမ်က အသားလုံးဝမဝယ်ပါ။ အားချွမ်ဝယ်လာသည့် ကုန်စိမ်းတွေကိုသာ သူချက်ပြုတ်ရပေသည်။ ကြည့်ရသည်မှာ မနက်ဖြန်သူအလုပ်ဆင်းသည်မှစ၍ သူကိုယ်တိုင် ဈေးဝယ်မှရမည် ထင်လေသည်။

အားချွမ်ကပိန်ပါးပြီး လှပလေသည်။ ပိန်အောင် သက်သက်ဟင်းသီးဟင်းရွက်တွေပဲ စားနေသည်လားတော့မသိ။ ဘယ်လိုပဲ ပိန်အောင်နေနေ အားချွမ်က လူတစ်ယောက် ဖြစ်သောကြောင့် မျှတသည့်အစားစာတော့ စားသင့်လေသည်။ ထမင်းစားပြီးချိန်အထိ သူ​စောင့်နေသည်။ ဟောင်ရန်ခဏနေလျှင် သူကိုယ်တိုင် ဈေးဝယ်မည်ဟူသည့် အကြောင်းပါ ခွင့်တောင်းတော့မည်။ စဉ်းစားလိုက်ပြီးသည်နှင့် တူကိုကိုင်ပြီး အရင်ထမင်းကို အာရုံစိုက်ပြီး စားလိုက်တော့သည်။

ထမင်းစားပြီးနောက် ပန်းကန်တွေကိုတော့ ဟောင်ရန်က ​ဆေးခြင်းတာဝန်ကို ယူလိုက်တော့သည်။ အားချွမ်ကတော့ ထမင်းစားပြီးနောက် ဘာလုပ်ရမလဲမသိတော့ စောစောလည်း မအိပ်တတ်ပေ။ နောက်နေ့တွေလဲ စောစောပိတ်ကျရန် နန်းတွင်းက အမိန့်လွှာ ရလာသည့်အတွက် သူတို့ပျင်းလို့ သေလိမ့်မည်။

အားချွမ်တစ်ယောက် တွေးတောနေတုန်းပင် ဟောင်ရန်က သူ၏အနားကပ်လာပြီး ဆံပင်လေးအား လာထိကိုင်လိုက်သည်။

"ဟင်..."

သူ၏ဆံပင်အား ရုတ်တရက်လာထိကိုင်လေသည့် အနှီဟောင်ရန်အား အားချွမ်ကြည့်လိုက်မိသည်။ ဟောင်ရန်ဟာ အားချွမ်၏နူးညံ့သည့် ဆံပင်လေးအား ညင်သာစွာ ကိုင်လိုက်ကာ ကျန်သည့်လက်ကလည်း အခြားတစ်ဖက်မှ ဆံပင်အနည်းငယ်ကိုယူလိုက်သည်။ ထို့နောက် လက်တစ်ဖက်ထဲတွင်  စုကိုင်လိုက်လေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now