နေ့လယ်ဘက် သင်းရနံ့ဂေဟာတွင်...
"ဟူး....."
လေပူတစ်ချက်အား မှုတ်ထုတ်လိုက်ပြီး မန်ယီက ဂေဟာထဲမှ သူ၏သီးသန့်အခန်းတွင် မေးထောက်နေသည်။ အမှန်အတိုင်းဆိုလျှင် သူ၏မားမားအား စိတ်ပူနေသည်။ သို့ပေမယ့်လည်း အချုပ်ခန်းကိုတော့ သူလည်းမသွားရဲ။ သူတကယ်ဘာလုပ်ရပါ့မလဲ။
ထိုအချိန်တွင် အခန်းတံခါးခေါက်သံအား သူကြားလိုက်ရ၍ စိတ်ပျက်လက်ပျက်ဖြင့် တံခါးသွားဖွင့်လိုက်တော့ သူ၏မျက်လုံးအစုံတို့ ဝိုင်းစက်သွားသည်။
"မားမား..."
မန်ယီက ခါးညွှတ်၍ အရိုအသေပြုလိုက်ပေမယ့် အားချွမ်က ချက်ချင်းထူပေးလိုက်သည်။
မန်ယီမျက်လုံးပြူးသွားလေခြင်းမှာ သူ၏မားမားနှင့်အတူ မားမား၏မိတ်ဆွေဟောင်ရန်ဟာ အကောင်းစားအဝတ်တွေဝတ်ထားသည် ဖြစ်သည်က တစ်ကြောင်း။ သူ၏မားမားဟာ အချုပ်ခန်းထဲက လွတ်လာသည်ဖြစ်သည်က တစ်ကြောင်းဖြစ်သည်ကြောင့်ပင်။
"မင်းက ချွမ်အာပြီးရင် ဒုတိယခေါင်းဆောင်မှတ်လား?"
တိတ်ဆိတ်နေသော ပတ်ဝန်ကျင်ကို ဟောင်ရန်က စကားစပြောလိုက်ချေပြီ။ မန်ယီတစ်ယောက် ထပ်မံ၍အံ့သြသွားပြန်သည်။
ဟောင်ရန်က အရင်တုန်းက စကားမပြောနိုင်ဘူး မဟုတ်လား?..
"မင်းက..."
"ထားလိုက်တော့ မန်ယီ။မားမား အခုလာတာက မင်းကိုပြောစရာရှိလို့"
စကားအားဖြတ်ပြောလိုက်လေသော အားချွမ်ပါလေ။ သူဟာအနှီအကြောင်းနှင့်ပက်သတ်ပြီး ဆက်၍မပြောချင်တော့။ ဟောင်ရန်ဟာ စကားပြောတတ်တာလားဟု မေးမည်လား။ အထက်တန်းတန်းစားလားဟု မေးမည်လားတော့ မသိပါလေ။ သို့ပေမယ့် မည်သို့ကိစ္စပဲဖြစ်ဖြစ် ထိုကိစ္စအားထားလိုက်တော့သည်။
"မားမား ဘာပြောမလို့ပါလဲ"
မန်ယီက ဖြေကြားခဲ့သည်။ ထိုအခိုက်အတန့် အားချွမ်ကတစ်ချက်ပြုံးလိုက်၍ မန်ယီ၏ဘယ်ဘက်ပါးလေးအား လက်ဖြင့်ထိကိုင်လိုက်သည်။
"မားမား ဒီအလုပ်ကထွက်တော့မယ်...မန်ယီ မင်းမားမားနေရာယူလိုက်ပါ"
YOU ARE READING
နှလုံးသားမှရင်ဖွင့်သံ[Complete]
Historical Fictionလောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လိုက္တာ....... အခ်စ္ကဘာမွလုပ္လို့မွမရတာ ....ဘာလို့လိုအပ္မွာလဲ