အပိုင်း(၂၃)

569 48 0
                                    

"အစ်ကိုတော်..."

ယွီယန်တစ်ယောက် အိမ်တော်အဝင်ဝမှ မြင်လိုက်ရသည့် သူမ၏အစ်ကိုကြောင့် စိတ်ပြေပျောက်သွားလေသည်။ သူမအစ်ကိုက ဘာမှမဖြစ်ပါဘူးဟု တွေးမိလိုက်ပေမယ့် အဆက်အသွယ်မရတော့ ဘယ်သူမဆို စိတ်ပူမိမှာပဲလေ။

အိမ်တော်သို့လာခဲ့ပေမယ့် ဟောင်ရန်သည်ကား မျက်နှာအနည်းအငယ်ပျက်နေသည်။ ပြီးတော့ သူ၏ညီမဖြစ်သူကိုလည်း တာဝန်မကျေပွန်သည့်အတွက် အားနာမိသည်။ ယွီယန်က အစ်ကိုတော်ဖြစ်သူဆီသို့ ပြေးသွားတော့သည်။

"အစ်ကိုတော် ဘာလို့ အဆက်အသွယ်မလုပ်ရတာလဲ...ညီမတို့ စိတ်ပူနေတာ"

ယွီယန်၏စကားကြားတော့ ဟောင်ရန်ဟာ အားမပါစွာပြုံးလိုက်မိသည်။ ထို့နောက် လက်အမူအရာဖြင့် ပြောမည်ဟုတွေးမိပေမယ့် သူ၏အသံကောင်းသွားပြီဆိုတာ သတိပေးလိုက်တော့သည်။

"အစ်ကိုတော် အသံပြန်ကောင်းသွားပြီ"

သို့ပေသော်လည်း ယွီယန်ကမအံ့သြပေ။ ဟုတ်တာပေါ့ သူမယောကျာ်းနတ်ဆေးဆရာကို သူမယုံသည်မဟုတ်လား။

"ဒါဆိုရင် အစ်ကိုတော် လက်အမူအရာနဲ့ မလုပ်နဲ့တော့...ခဏနားလိုက်ပါအုန်း အစ်ကိုတော် ဒီနေ့ကြံရာပါတွေပါ အကုန်ဖမ်းမိမှာမို့ အစ်ကိုတော်အလုပ်မရှုပ်တော့ပါဘူး"

"အစ်ကိုတော် တောင်းပန်ပါတယ်...သဲလွန်စတောင်မရလိုက်ရှာဘူး"

ဟောင်ရန်က စိတ်ဓာတ်ကျသွားသည်။ သူအဲ့လောက်လေးတောင် ညီမဖြစ်သူအပေါ် အစ်ကိုတစ်ယောက်၏ တာဝန်မကျေပွန်ခဲ့နိုင်ဘူး။ သို့ပေမယ့် သဲလွန်စဟုတွေးမိတော့ သူတစ်ခုသတိရသွားသည်။

"မနက်ဖြန်...ကြံရာပါတွေဆီ ခဏသွားတွေ့ကြရအောင်။ အခုတော့အစ်ကိုတော် နားလိုက်အုန်းမယ်"

"အေးဆေးအနားယူပါ...အစ်ကိုတော်ရဲ့အခန်းကို နေ့တိုင်းသန့်ရှင်းရေးလုပ်ထားပါတယ်"

"အလုပ်ပေးမိပြီ ညီမတော်"

ဟောင်ရန်က ထိုစကားအားပြောလိုက်လေပြီး မရောက်တာ ကြာပြီဖြစ်သည့်သူ၏ အခန်းထဲ ပြန်ဝင်သွားတော့သည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now