အပိုင်း(၈)

787 65 0
                                    

"အိုက်ယား...အချောလေးတွေ မင်းတို့ရဲ့ မားမားဘယ်မှာလဲ"

လီလူကြီးမင်းက မိန်းကလေးငယ်နှင့် ယောကျာ်းလေးငယ် နှစ်ယောက်ကို ပေါင်ပေါ်တွင် တစ်ယောက်တစ်ဖက်ဆီ ထိုင်စေလိုက်ကာ သေရည်ခွက်ကိုပါ ထိုး​ပေးလိုက်ပြီး အရက်ဌဲ့ပေးစေလိုက်သည်။

"အိုက်ယား...လီလူကြီးမင်းက ကျွန်မတို့ရှိလျက်နဲ့မားမားကို တောင်းတနေပါလား။ ဘာလဲကျွန်မတို့်ပြုစုတာ မတော်လို့လား"

အနှီမိန်းကလေးက ပြောလိုက်ပြီး လီသခင်ကြီး၏ရင်ဘတ်တလျှောက်အား လက်ဖြင့်ပွတ်သပ်နေသကဲ့သို့ ဘေးမှကောင်လေးမှာလဲ သေရည်ဌဲ့ပေးလိုက်လေသည်။

ထို့နောက်ထိုကောင်လေးကလည်း လီလူကြီးမင်း၏နှုတ်ခမ်းနားသို့ သေရည်ခွက်အား တိုးကပ်လိုက်ပြီး သူကလည်း

"မားမားက မကြာခင်လာမှာပါ...မလာခင် ကျွန်တော်တို့နဲ့ပျော်ပါးမယ်လေ"

ဟူ၍ပြောလိုက်လေသည်။ ပါးစပ်ကနေသာ ဤသို့ပြောနေကြသော်လည်း သူတို့၏စိတ်ထဲတွင်ကား စိတ်မပါ။ သူတို့နှစ်ယောက်စလုံးမလုပ်ချင်ပေမယ့်လည်း မတတ်သာ။ ပိုက်ဆံအတွက်ဆိုရင်ပဲ ဘာမဆိုလုပ်ရ၏။ သူတို့နှစ်ယောက်စလုံး၏ အတွေးတွေထဲမှာ တွေးနေမိသည်တစ်ခုရှိသည်။

မလုပ်ချင်ဘူး။ဒါပေမယ့် ပိုက်ဆံရဖို့အတွက် ဒီလောက်စွန့်စားရမှာပဲ....။ဆိုပြီးဖြစ်လေ၏၊

ခဏနေတော့ အခန်းတံခါးအား ဘာမှမပြောပဲ ပွင့်လာသည့် လူတစ်ယောက်....။

အစက နှစ်ယောက်စလုံးမှာ လီလူကြီးမင်း၏ ဇနီးမယားများ ပြဿနာလာရှာသည်ထင်မှတ်၍ လန့်သွားလေသော်လည်း တကယ်ရောက်လာသည့် လူက သူတို့၏မားမားဟုခေါ်သော အားချွမ် ဖြစ်နေသောကြောင့်သာ စိတ်အေးလိုက်ရသည်။

"မားမား...ရောက်လာပြီလား"

နှစ်ယောက်မှာ အားချွမ်ကိုမြင်သည်နှင့် ပေါင်ပေါ်မှ ထလိုက်ကာ ပြိုင်တူနှုတ်ဆက်လေသည်။ သူကလည်းခေါင်းငြိမ့်လိုက်ကာ မျက်နှာရိပ်ပြလိုက်ကာ နှစ်ယောက်စလုံးအား ထွက်သွားခိုင်းလေသည်။

ထွက်သွားခိုင်းသည့်အတွက် ထိုနှစ်ယောက်ကား စိတ်ထဲကြိတ်ပျော်သွားလေ၏။ တစ်ကိုယ်ကောင်းဆန်သည်ဟု ဆိုရင်လည်းဆိုနိုင်သည်။ သူတို့အဖိုးကြီးကိုတော့ မပြုစုချင်။ အပြင်ဘက်တွင်တော့ သာမန်အတိုင်းနှစ်ယောက်စလုံးက ခပ်လွင်လွင်လေးပြုံးကာ အပြင်သို့ထွက်သွားလေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Onde as histórias ganham vida. Descobre agora