အပိုင်း(၂၇)

571 51 0
                                    

"အစ်ကိုတော် အခုဘာလုပ်နေတာလဲဆိုတာ သိပါသလား.."

ဟောင်ရန်မှာ ရင်ခွင်ထဲမှ သတိမေ့နေသော အားချွမ်ကို ကုတင်ထက်တွင် လှဲစေလိုက်သည့်အချိန်၌ အရင်ဆုံးရင်ဆိုင်လိုက်ရသည်က ညီမဖြစ်သူ၏အပြစ်တင်သံပါလေ။ ဟောင်ရန်က သက်ပြင်းသဲ့သဲ့ချလိုက်သည်။

"တောင်းပန်ပါတယ် ညီမတော်...တကယ်တော့ သူက အစ်ကိုတော့်ဘက်က တစ်ဖက်သတ် ချစ်ရသူပါ"

အနှီစကားအားကြားရသောအခါ ယွီယန်က မျက်လုံးပြူးသွားလေသည်။

မဖြစ်နိုင်တာ...သူမအစ်ကိုတော်က ဘာကြောင့်များ ဂေဟာက ​ယောကျာ်းပျက်ကိုများ ကြိုက်နေရတာလဲ။ ပြီးတော့ ထိုလူဟာ ကြံရာပါတစ်ယောက်ဖြစ်သည်တဲ့။

"အစ်ကိုတော် သူက..."

"အစ်ကိုတော် သိတယ်။ သူကအဓိက တရားခံဆိုရင်တောင် အစ်ကိုတော် သူ့ကိုကာကွယ်ပေးမှာပဲ"

ယွီယန်တစ်ယောက် အစ်ကိုဖြစ်သူစကားကြောင့် နားလည်လိုက်ပါပြီ။ သူမအစ်ကိုတော်ကတော့ ကုမအောင် သွက်သွက်ခါသည်အဓိ ရူးသွားလေပြီ ဟူသည့်အကြောင်းပင်။

"အစ်ကိုတော်...ကျွန်မတစ်ခုမေးမယ်။ ညီမ​တော်ကို စွန့်လွှတ်မှာလား အဲ့ကောင်လေးကို စွန့်လွှတ်မှာလား"

သူမထိုသို့ ရွေးခိုင်းလိုက်သည်။ သူမထင်သည်က သူမအစ်ကိုတော်ဟာ သွေးသားထက်တော့ မချစ်လောက်ပါဘူး ဟူ၍ပင်။သို့ပေသော်လည်း ဖြေကြားလိုက်သော အစ်ကိုတော်၏ စကားကြောင့် သူမဒေါသတို့ထိတ်ခနဲ ထွက်သွားတော့သည်။

"မိဘတွေနဲ့ရွေးခိုင်းရင်တောင် အစ်ကိုတော် သူ့ကိုပဲရွေးမိမှာပါ"

"အစ်ကိုတော်!''

ယွီယန်က အော်မိလိုက်သည်။ အစ်ကိုဖြစ်သူအား အော်မိလို့ငရဲကြီးလျှင်လည်း အကြီးခံလေမည်။ သူမအစ်ကိုတော်ဟာ မိဘတွေနဲ့တောင် နှိုင်းယှဉ်သည်ဆိုတော့ အတော်လေးလွန်လေသည်။ ခဏကြာတော့ ယွီယန်ကစိတ်လျော့လိုက်ပြီး ဝူရှင်းလက်ကိုဆွဲလိုက်သည်

"ညီမတော်ကတော့ ကြံရာပါနဲ့ တစ်အိမ်ထဲမနေနိုင်ပါဘူး...ညီမယောကျာင်္းအရင်အိမ်မှာပဲ သွားနေပါတော့မယ်။ အကယ်၍ သူ့ကိုစွန့်ပစ်ပြီးရင်တော့ ညီမတော်ပြန်လာပါ့မယ်...ခွင့်ပြုပါဦး"

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now