အပိုင်း(၁၃)

679 58 0
                                    

ဟောင်ရန်သည်လည်း ဂေဟာမှထွက်သည်နှင့် အိမ်တော်ဘက်ကို ခဏလာမိသည်။ ထိုအစဉ် ညီမဖြစ်သူယွီယန်မှာ အိမ်တော်ကခြံဝန်းထဲ ဆင်းနေသည်နှင့် အချိန်ဖြစ်နေသည်။

"အစ်ကိုတော် ပြန်လာတာလား"

ယွီယန်က သူမ၏အစ်ကိုတော်အနားသို့ ပြေးကပ်လာသည်။ သို့်ပေသော်လည်း ဟောင်ရန်ကခေါင်းခါလိုက်တော့သည်။ ဒါကိုမြင်တော့ ယွီယန်က သူမ၏အစ်ကိုတော်ဖြစ်သူအား ဘာလို့လဲဟူသည့် သဘောဖြင့်ကြည့်လိုက်၏။

ဟောင်ရန်ကလည်း

'(ခဏပဲလာတာ မေးစရာရှိလို့)'

ဒါကိုမြင်လေတော့ ယွီယန်ကလည်း ထူးဆန်းသလို အကြည့်မျိုးထပ်ကြည့်လိုက်သည်။ ထို့နောက် သူမဟာသက်ပြင်းချလိုက်ပြီး

"အစ်ကိုတော် ဘာများမေးဖို့လဲ"

သူမကပြန်၍ပင် ​မေးခွန်းထုတ်လိုက်လေသည်။

'(လူတစ်ယောက်ကို အခြားလူတစ်ယောက်နဲ့ မြင်ရတာဘာလို့နာကျင်ရတာလဲ)'

အစ်ကိုတော်၏အမူအရာကြောင့် ယွီယန် သူမထင်တာ မှန်သည်ဆိုပြီး နားလည်သွားသည်။ ကြည့်ရသည်မှာ သူမ၏အစ်ကိုတော်က ကြင်ယာတွေ့လေပြီထင်သည်။ သို့ပေသော်လည်း အခုအချိန်က အလုပ်ကိစ္စနဲ့သွားပြီး ကြင်ယာတွေ့လာသည်ဆိုတာတော့ အခြားလူသာဆိုရင် ရယ်ချင်မိမည်ထင်သည်။

အချစ်ဆိုတာ အချိန်ခဏလေးအတွင်း ချစ်နိုင်လို့လား....
ချစ်ဖို့ထက် သံယောဇဉ်က အရင်ဖြစ်ပေါ်လာမှာ မဟုတ်ပေလား....
တွေ့တာသိပ်မကြာသေးတဲ့လူကို မေတ္တာမျှဖို့က ဖြစ်နိုင်ပေလို့လား...

ဟောင်ရန်က မေးခွန်းလေးကိုသာ မေးလိုက်ပေသော်လည်း ယွီယန်က အတော်လေးကို တွေးလိုက်မိသည်။

ထို့နောက်သူမဟာ ချောင်းဟန့်လိုက်၍

"ဘယ်နေရာက နာကျင်လို့ပါလဲ"

ညီမဖြစ်သူ၏အမေးကို ကြားလိုက်လေတော့ ဟောင်ရန်လည်း သူ၏လက်အား ဘယ်ဘက်နှလုံးသားနေရာသို့ရွေ့လိုက်ပြီး လက်ညိုးထိုးပြလိုက်သည်။

ယင်းနေရာက စူးအောင့်သလိုနာကျင်မှု၊ သွေးထွက်တာထက်ပိုတဲ့ နာကျင်မှုမျိုး အရင်က တစ်ခါမှမခံစားရဖူးပါ။ နာကျင်မှုနှင့်အတူ ခေါင်းပေါ်သို့ဆောင့်တက်လာသည့် ဒေါသသည်ကား ဘာမဟုတ်တာလေးနှင့် သူ့ကိုခံစားရစေသည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now