အပိုင်း(၁၄)

667 56 0
                                    

"သြော်...ကိုလူချောပြန်လာပြီလား"

ဟောင်ရန်ဟာ အားချွမ်သူ့ထက် အရင်ရောက်နေမည်ဆိုတာ  မထင်ထားခဲ့။ ပြန်ရောက်နေပြီဖြစ်သည့်အပြင် အားချွမ်ကသူ့အား စောင့်နေသေးသည်ထင်သည်။ အားချွမ်သည် ဟောင်ရန်လာသည့်နှင့် သူ၏အနားကပ်လိုက်ပြီး အားချွမ်က သူ၏မျက်နှာအား သေချာကြည့်လိုက်တော့သည်။

"မပြန်ခင်တုန်းက မန်ယီကပြောတယ်...မင်းသူတို့အသားတောင် မထိခဲ့ဘူးဆို မှန်းစမ်း...မင်းရုပ်လေးကို သေချာလေးမှတ်တမ်းတင်ချင်လို့"

စနောက်နေသယောင်ပုံဖြစ်ပေမယ့် တကယ်တွင်တော့ သူဟောင်ရန်အား အတော်လေး လေးစားသွားလေသည်။ အသားမစားသည့်ကျားကို မရှိဟု သူထင်မိလိုက်ပေမယ့်လည်း ဟောင်ရန်နှင့်တွေ့လေမှ တကယ်ရှိမှန်း သိလေတော့သည်။

သူ၏မျက်နှာအား အားချွမ်ကြည့်ချင်းကို ခံလိုက်ရသော ဟောင်ရန်ခမျာ မျက်နှာတစ်ခုလုံး နီရဲနေတော့မည် ဟူသောအချက်ကို ကိုယ့်ကိုကိုယ်သိလေ၏။

ထိုအခါမှ အားချွမ်လည်း ပြုံးလိုက်မိပြီး သူ၏မျက်နှာအား အနောက်လှည့်လိုက်ပြီးနောက် ကြိတ်ရယ်နေတော့သည်။

ယင်းအချိန်တွင် ဟောင်ရန်ကတစ်ခုကို သတိရသွား၍ အားချွမ်၏လက်လေးအား ဆွဲလိုက်ကာ သူ့အားပြန်လည်ကြည့်စေလိုက်သည်။ ဟောင်ရန်ကထိကိုင်လိုက်လေသောကြောင့် အားချွမ်လည်း ပြောစရာရှိတာသိလိုက်၍ ဘာပြောမလို့ပါလဲ ဟူသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။

'(မင်းအဲ့အလုပ်ကို ဆက်မလုပ်လို့မရဘူးလား)'

အားချွမ်သည်ကား သူ၏နူးညံ့သော  အပြုံးတို့က တိခနဲပြတ်သွားတော့သည်။ အကယ်၍သာ သူဒီအလုပ်မလုပ်ရင် သူဘယ်အလုပ်ကိုများ သွားလုပ်လို့ရနိုင်ပါမလဲ။ အားချွမ်က သက်ပြင်းချလိုက်သည်။ လူတွေရောင်းစားသည် ဆိုလျှင်လည်း အဖမ်းခံရမှ  ဟုတ်ပေ့ ဖြစ်နေအုန်းမည်။

သူကတကယ်တော့ လူတွေကိုမဖမ်းပါ။ သူလုပ်သည်က အပျော်မယ် အမှတ်အသားလုပ်ပေးသည်နှင့် ရုပ်ရည်ကြည့်ပြီး ရနိုင်မည့်ဈေးမျိုးခန့်မှန်းပေးရုံသာ။ မနက်ကတောင် သူအဖမ်းခံရမည်ကြောက်လို့ ထိုအလုပ်မလုပ်ဘူးဟုပြီး ပြောလိုက်တော့သည်။

နှလုံးသားမှရင်ဖွင့်သံ[Complete]Where stories live. Discover now