အပိုင်း(၁)

4.7K 191 2
                                    

အပိုင်း(၁)

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုမှာ ချင်ရီနိုင်ငံ ၊ပေထန်မြို့တော်၏ မြို့စားမင်းရဲ့ သားအကြီးဟာ အပျင်းဖျားပြီး အသက်ဆုံးရှုံးမလိုပင်ဖြစ်ခဲ့လေသည်။ ထို့ကြောင့် မြို့စားမင်းလည်းသမားတော်တွေကို သူ၏သားတော်လေးရဲ့ အဖျားကိုရအောင်ကုဖို့ အမိန့်ထုတ်လိုက်ပြီး သားတော်လေး အဖျားပျောက်လျှင်ပြီးရောဟုဆိုကာ ဘယ်လိုကုသခြင်းကို မဆိုခွင့်ပြုပေးလေသည်။

ထိုအချိန်ကခွင့်ပြုပေးသည့် မြို့စားမင်းဘက်က ကြည့်လျှင်လည်း မှန်လေသည်။ သားဖြစ်သူတစ်ယောက်လုံးက သေမင်း၏ခံတွင်းဝထဲရောက်မည့်ဆဲဆဲတွင် သေမင်းဆီမှ ပြန်လည်လုယူရန် ထိုနည်းလမ်းမှလွဲရင် အခြားနည်းလမ်းကားမရှိချေ။

သမားတော်တွေဟာ ကလေး၏အဖျားပြင်းထန်ပြီး မခံနိုင်တော့မှန်းသိသောကြောင့် အရဲစွန့်ပြီး တစ်ခုလုပ်ဖို့တောင်းဆိုလိုက်ရသည်။ ထိုနည်းလမ်းမှာတော့....

ကလေးဖြစ်သူအားပြင်းထန်သည့် အဖျားပျောက်ဆေးတိုက်ဖို့ဖြစ်လေသည်။

ကလေးဖြစ်သူမှာ ဆေးဒဏ်အားခံနိုင်လား မခံနိုင်လားဆိုသည်ကို အရင်တွေးတောမိပေမယ့် မြို့စားမင်းဟာ သူ၏သားဖြစ်သူအားတော့ ဒီအတိုင်းတော့မစွန့်လွှတ်နိုင်။ သို့ကြောင့် တိုက်ကြည့်ဖို့ကို သဘောတူလိုက်သည်။

မိုးနတ်မင်း၏အလိုဆန္ဒကြောင့်လား....
ဒါမှမဟုတ် ကံကောင်းခဲ့ခြင်းလား....

ကလေးဖြစ်သူ၏အပျင်းဖျားခြင်းဟာ သက်သာသွားပေမယ့် မိုးရေထိသည်နှင့်ဖျားတတ်သည့် အကျင့်ဖြစ်သွားသလို ဆေးဒဏ်ကြောင့် ဆိုးကျိုးတစ်ခုကို ခံစားရလေသည်။ ဆေးဒဏ်ကြောင့်ရသည့် အခြားဆိုးကျိုးကတော့ ထိုကလေးဟာ သူ၏အသံပျတ်စီးသွားပြီး လူတကာကြောက်ရွံ့ဖွယ်ဖြစ်သွားလေခြင်းပင်။

နောင်ဆယ့်ငါးနှစ်ခန့်ကြာတော့ ထိုကလေးဟာ ဖခင်ဖြစ်သူမြို့စားမင်း၏ရာထူးကို ဆက်ဆံခဲ့သည်။ ထိုကလေးဟာ လက်ရှိမြို့စားမင်း ကျင်းဟောင်ရန်ဖြစ်လေသည်။ ကျင်းဟောင်ရန်အား ကျင်းမြို့စားမင်းဟူ၍သာ
သိကြလေပြီး သူ၏အမည်အရင်းကိုတော့ မသိကြချေ။

နှလုံးသားမှရင်ဖွင့်သံ[Complete]Onde histórias criam vida. Descubra agora